


Credit(CeleChitThu)

ချစ်ကပရိတ်သတ်ကြီးရေ ခန့်သီရိဇော်ကတော့ “အချစ်ဖွဲ့လေညင်း”ဇာတ်လမ်းတွဲကနေ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတဲ့ မင်းသမီးတစ်လက်ပါပဲနော်။ သူမဟာဆိုရင် ဇာတ်လမ်းတွဲတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာ နေရာတစ်နေရာမှာ အောင်မြင်လာတဲ့သူတစ်ဦးပါပဲနော်။ သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။

သူမကတော့ ဝါသနာပါရာအနုပညာလုပ်ငန်းကို ကြိုးစားနေတဲ့သူတစ်ဦးပါပဲနော်။သူမရဲ့အားလပ်ချိန်တိုင်းမှာလည်း ချစ်ရတဲ့ မိဘတွေကို အချိန်ပေးရင်း သာယာတဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်ထားလျက်ရှိပါတယ်။ ဇန်နဝါရီ(၁၁)ရက်နေ့မှာ ကျရောက်တဲ့ မိခင်ဖြစ်သူရဲ့ မွေးနေ့လေးကို ခန့်သီရိဇော်က”Today, my dear mom’s birthday.Happy birthday. Please be happy to have a birthday. I love my mother so much Please stay beside me for a long time and healthy. I’m sorry I didn’t do anything special for your birthday this year.I will try my best to keep my mother better than now. And I eventually say, “I love you so much”လို့ဆိုပြီ မွေးနေ့ဆုမွန်တောင်းပေးလိုက်တာလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။

ခန့်သီရိဇော်ရဲ့ မွေးနေ့ဆုမွန်တောင်းလေးကို ပရိသတ်တွေအတွက် ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Source….Khant Thiri Zaw’s Facebook
Credit(CeleChitThu)