ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ ဆယ်လီ အနုပညာရှင် စုံတွဲလေးဖြစ်တဲ့ အဆိုတော် ရွှေထူးနဲ့ မင်းသမီး ရွှေမှုံရတီတို့ ဇနီးမောင်နှံကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ အနုပညာအလုပ် အတူတွဲ လုပ်ရင်း ဖူးစာပါကာ ရွှေလက်တွဲခဲ့ကြတဲ့ နာမည်ကြီး အနုပညာရှင် စုံတွဲလေးပဲဖြ စ်ပါတယ်နော်.။
တွဲနေတယ်ဆိုတဲ့ သတင်း ထွက်ပြီး မကြာမှီမှာပဲ ပရိသတ်တွေကို စပရိုက်အကြီ းကြီးတိုက်တယ် ဆိုရလောက်တဲ့ မင်္ဂလာလက်ထပ်ပွဲကို ကျင်းပခဲ့ကြသူတွေပါ ။ အနုပညာ နယ်ပယ် နှစ်ခုလုံးမှာ အခိုင်အမာအားပေး သူ ပရိသတ်တွေ အသီးသီးနဲ့ အောင်မြင်သူတွေမို့ ရွှေနှစ်ရွှေ အတွဲလေးက နေနဲ့ လ ရွှေနဲ့ မြလို လိုက်ဖက်တဲ့ အတွဲလေးလို့ ပြောရင် မှားမယ် မထင်ပါဘူးနော်.။
ဒီနေ့ ဒီဇင်ဘာလ (၁၁)ရက်နေ့မှာတော့ ရွှေမှုံရတီက သူမတို့ရဲ့ မင်္ဂလာ နှစ်ပတ်လည်ေ န့လေးအဖြစ်နဲ့ မင်္ဂလာ ဆောင် စဉ်က ပုံရိပ်လေးတွေနဲ့အတူ “❤️အရမ်းချစ်တယ်❤️(၁၁.၁၁.၂၀၁၈)” ဆိုပြီး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ Anniversary နေ့လေးမှာ အမှတ်တရတင်ခဲ့သူ ချစ်ဇနီး ရွှေမှုံရတီရဲ့ ပိုစ့်အောက်မှာ ရွှေထူးက “❤အရမ်းချစ်တယ်❤ ချစ်ဇနီး” ဆိုပြီး ပြန်လည် မှတ်ချက်လေးရေးခဲ့ပါသေးတယ်.။Anniversary နေ့တိုင်းကို မမေ့မလျော့ဘဲ အမြဲတမ်း ချစ်စကားလေးတွေ ခြွေကာ ချစ်တတ်ကြတဲ့ ရွှေနှစ်ရွှေအတွဲလေးကတော့ အချစ်တတ်ဆုံး အတွဲလေးပါပဲနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကိုပိုင် ဆိုင်နိ်ုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: Shwe Mhone Yati’s Facebook
Credit ;(Cele Active World