သီခ်င္းဆိုေကာင္းရံုသာမက အသားအရည္ညိဳစိမ့္စိမ့္ေလးနဲ့ လွတဲ့ အမြန္းဟာ နိုင္ငံျခားေမာ္ဒယ္ေတြေတာင္ အရႈံးေပးရေလာက္တဲ့ ကိုယ္ပိုင္စတိုင္လ္ရိွသူတစ္ေယာက္ပါ။ အမြန္းက သူမရဲ့ အတြင္းေရးနဲ့ ပက္သတ္ျပီး လွ်ိဳ့ဝွက္ဖံုးကြယ္ထားျခင္းမရိွသလို သူမရဲ့ အိမ္ေထာင္ေရးနဲ့ ပက္သတ္ျပီးလည္း ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ခ်ျပထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ နိုဝင္ဘာလအတြင္းမွာ ခ်စ္သူနဲ့ လက္ထပ္လိုက္ျပီျဖစ္ေၾကာင္း ပရိသတ္ေတြကို အသိေပးခဲ့တဲ့ အမြန္းက အခုဆိုရင္ သူမရဲ့ ၾကင္စဦးအိမ္ေထာင္သည္ဘဝေလးကို ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။

အိမ္ေထာင္ရွင္မတစ္ေယာက္ျဖစ္သြားျပီဆိုေပမယ့္ ခ်စ္ရတဲ့မိသားစု၊ သူငယ္ခ်င္းေတြအေပၚမွာလည္း တာဝန္မပ်က္တဲ့ အမြန္းက ဒီကေန့မွာေတာ့ သူမရဲ့ ေဖေဖ့အေၾကာင္းကို ေျပာလာပါတယ္။ အမြန္းက သူမရဲ့ လက္ထပ္ပြဲေန့က အမွတ္တရဓာတ္ပံုေလးေတြကိုခ်ျပရင္း “မဂၤလာပြဲမွာ ဘုရားေက်ာင္းေလွ်ာက္လမ္းမွာ တြဲေလွ်ာက္ေပးတဲ့ ေဖေဖ့ေၾကာင့္ အရမ္းကို ေက်နပ္ပီတိျဖစ္ရပါတယ္။ သမီးအေဖ့ကို အရမ္းခ်စ္ျပီး အျမဲတမ္းေက်းဇူးတင္ေနပါတယ္ Ah Wa! Professional ဓါတ္ပံုဆရာေတြရွိပါတယ္လို႔ေျပာလဲ သူ႔ဖုန္းနဲ႔ကိုယ္တိုင္ကိုယ္က်႐ိုက္ၿပီး မွတ္တမ္းတင္ရမွေက်နပ္တဲ့ေဖေဖပါ ! 😁👨‍👧💙” ဆိုျပီး အမွတ္တရ ေျပာလာတာပဲ ျဖစ္ပါတယ္။

အမြန္းကေတာ့ သူမကို အရမ္းခ်စ္သလို သူမကလည္း အရမ္းခ်စ္ရတဲ့ ဘဝလက္တြဲေဖာ္ခ်စ္သူကို ရွာေတြ့သြားခဲ့ျပီပဲ ျဖစ္ပါတယ္။ အမြန္းတစ္ေယာက္ ခ်စ္ရတဲ့ ခင္ပြန္းအျပင္ ေဖေဖ၊ ေမေမ မိသားစုေတြနဲ့ အျမဲတမ္း ေပ်ာ္ရႊင္တဲ့ဘဝေလးကို ပိုင္ဆိုင္နိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Ah Moon ‘s fb
Credit – Cele Connections

သီချင်းဆိုကောင်းရုံသာမက အသားအရည်ညိုစိမ့်စိမ့်လေးနဲ့ လှတဲ့ အမွန်းဟာ နိုင်ငံခြားမော်ဒယ်တွေတောင် အရှုံးပေးရလောက်တဲ့ ကိုယ်ပိုင်စတိုင်လ်ရှိသူတစ်ယောက်ပါ။ အမွန်းက သူမရဲ့ အတွင်းရေးနဲ့ ပက်သတ်ပြီး လျှို့ဝှက်ဖုံးကွယ်ထားခြင်းမရှိသလို သူမရဲ့ အိမ်ထောင်ရေးနဲ့ ပက်သတ်ပြီးလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားသူတစ်ယောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ချစ်သူနဲ့ လက်ထပ်လိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့တဲ့ အမွန်းက အခုဆိုရင် သူမရဲ့ ကြင်စဦးအိမ်ထောင်သည်ဘဝလေးကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်သွားပြီဆိုပေမယ့် ချစ်ရတဲ့မိသားစု၊ သူငယ်ချင်းတွေအပေါ်မှာလည်း တာဝန်မပျက်တဲ့ အမွန်းက ဒီကနေ့မှာတော့ သူမရဲ့ ဖေဖေ့အကြောင်းကို ပြောလာပါတယ်။ အမွန်းက သူမရဲ့ လက်ထပ်ပွဲနေ့က အမှတ်တရဓာတ်ပုံလေးတွေကိုချပြရင်း “မင်္ဂလာပွဲမှာ ဘုရားကျောင်းလျှောက်လမ်းမှာ တွဲလျှောက်ပေးတဲ့ ဖေဖေ့ကြောင့် အရမ်းကို ကျေနပ်ပီတိဖြစ်ရပါတယ်။ သမီးအဖေ့ကို အရမ်းချစ်ပြီး အမြဲတမ်းကျေးဇူးတင်နေပါတယ် Ah Wa! Professional ဓါတ်ပုံဆရာတွေရှိပါတယ်လို့ပြောလဲ သူ့ဖုန်းနဲ့ကိုယ်တိုင်ကိုယ်ကျရိုက်ပြီး မှတ်တမ်းတင်ရမှကျေနပ်တဲ့ဖေဖေပါ ! 😁👨‍👧💙” ဆိုပြီး အမှတ်တရ ပြောလာတာပဲ ဖြစ်ပါတယ်။

အမွန်းကတော့ သူမကို အရမ်းချစ်သလို သူမကလည်း အရမ်းချစ်ရတဲ့ ဘဝလက်တွဲဖော်ချစ်သူကို ရှာတွေ့သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အမွန်းတစ်ယောက် ချစ်ရတဲ့ ခင်ပွန်းအပြင် ဖေဖေ၊ မေမေ မိသားစုတွေနဲ့ အမြဲတမ်း ပျော်ရွှင်တဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Ah Moon ‘s fb
Credit – Cele Connections