ပရိတ္သတ္ၾကီးေရ…..သ႐ုပ္ေဆာင္လည္းေကာင္းၿပီး ပရိသတ္ေတြအေပၚမွာ ခင္ခင္မင္မင္ ေဖာ္ေဖာ္ေရြေရြနဲ႔ ဆက္ဆံတတ္တဲ့ မင္းသမီးေခ်ာ ခိုင္သင္းၾကည္ကိုေတာ့ အားလုံးက ခုခ်ိန္ထိခ်စ္ခင္ေနရတာပါေနာ္ ။ ဝါရင့္သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ မခိုင္ေလးက အခ်ိန္အေတာ္ၾကာေအာင္ အႏုပညာေလာကမွာ ေလၽွာက္လွမ္းေအာင္ျမင္ေနတာ ယေန႔ထိတိုင္ပါပဲ ။

မခိုင္ေလးက အႏုပညာဘက္မွာ ထူးခၽြန္သလို မိသားစုအတြက္လည္း အိမ္ေထာင္ရွင္မေကာင္းတစ္ေယာက္ပီသသူလည္းျဖစ္ပါတယ္ ။ဒါ့အျပင္ အလႉအတန္းေတြဆိုရင္လည္း မိသားစုလိုက္ တက္ညီလက္ညီလႉဒါန္းေလ့ရွိတာကိုလည္းေတြ႕ရပါတယ္။ကိုဗစ္ကာလေတြမွာလည္း အလႉအတန္းေတြျပဳလုပ္ခဲ့သလို ခုလက္ရွိအေျခအေနေတြမွာလည္း အလႉေလးေတြနဲ႔ပါဝင္ကာ ျပည္သူေတြနဲ႔အတူ ရပ္တည္ေနသူပါ။

ဒီေန႔မွာက်ေရာက္တဲ့ သူတို႔ဇနီးေမာင္ႏွံရဲ့ (၁၉) ႏွစ္ျပည့္ မဂၤလာႏွစ္ပတ္လည္ ေန႔ေလးမွာလည္း စိတ္က်န္းမာေရးေဆး႐ုံကို သြားေရာက္ကာ အလႉေငြ (၁၅) သိန္းေက်ာ္ကို လႉဒါန္းခဲ့ေၾကာင္းေဖာ္ျပထားတာေတြ႕ရပါတယ္။ပရိသတ္ႀကီးလည္း ခိုင္သင္းၾကည္တို႔ရဲ့ အလႉေလးကို သာဓုေခၚနိုင္ေစရန္ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။ဖတ္ရႈေပးၾကတဲ့ ပရိတ္သတ္ေတြအားလံုး ကို ေက်းဇူးတင္ရွိပါတယ္ေနာ္…။

Credit – Cele Zone
Photo – Khine Thin Kyi

ပရိတ်သတ်ကြီးရေ…..သရုပ်ဆောင်လည်းကောင်းပြီး ပရိသတ်တွေအပေါ်မှာ ခင်ခင်မင်မင် ဖော်ဖော်ရွေရွေနဲ့ ဆက်ဆံတတ်တဲ့ မင်းသမီးချော ခိုင်သင်းကြည်ကိုတော့ အားလုံးက ခုချိန်ထိချစ်ခင်နေရတာပါနော် ။ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မခိုင်လေးက အချိန်အတော်ကြာအောင် အနုပညာလောကမှာ လျှောက်လှမ်းအောင်မြင်နေတာ ယနေ့ထိတိုင်ပါပဲ ။

မခိုင်လေးက အနုပညာဘက်မှာ ထူးချွန်သလို မိသားစုအတွက်လည်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပီသသူလည်းဖြစ်ပါတယ် ။ဒါ့အပြင် အလှူအတန်းတွေဆိုရင်လည်း မိသားစုလိုက် တက်ညီလက်ညီလှူဒါန်းလေ့ရှိတာကိုလည်းတွေ့ရပါတယ်။ကိုဗစ်ကာလတွေမှာလည်း အလှူအတန်းတွေပြုလုပ်ခဲ့သလို ခုလက်ရှိအခြေအနေတွေမှာလည်း အလှူလေးတွေနဲ့ပါဝင်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပါ။

ဒီနေ့မှာကျရောက်တဲ့ သူတို့ဇနီးမောင်နှံရဲ့ (၁၉) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် နေ့လေးမှာလည်း စိတ်ကျန်းမာရေးဆေးရုံကို သွားရောက်ကာ အလှူငွေ (၁၅) သိန်းကျော်ကို လှူဒါန်းခဲ့ကြောင်းဖော်ပြထားတာတွေ့ရပါတယ်။ပရိသတ်ကြီးလည်း ခိုင်သင်းကြည်တို့ရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်တွေအားလုံး ကို ကျေးဇူးတင်ရှိပါတယ်နော်…။

Credit – Cele Zone
Photo – Khine Thin Kyi