ပရိသတ်ကြီးရေ….. မိုးယံဇွန်ကတော့ PPP အမတ် ကျော်ဇေယျရဲ့ သားဖြစ်တာကြောင့် ဖခင်နဲ့နည်းတူ တော်လှန်ရေးပါဝင်သူများကို လိုက်ပြီး တိုက်ခိုက် နေတာပါနော်။ အနုပညာအသိုင်းဝိုင်းက တစ်ယောက်ကတော့ မိုးယံဇွန်ဟာ မင်းသမီးတစ်ဦးအား အဘတွေကို တောင်းပန်ရင် အပြစ်က လွတ်လောက် တယ်ဆိုပြီး ပြောခဲ့တဲ့အကြောင်း သူ့ရဲ့အကောင့်မှာ တင်ခဲ့တာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မိုးယံဇွန်ရဲ့ ဖြေရှင်းချက်ကတော့ ” ပုဂ္ဂိုလ်ရေးအရ ခင်ဗျားနဲ့ကျွန်တော် တစ်ခါမှ စော်ကားမှုတွေ ရန်ငြိုးတွေလည်း မရှိပါဘူး ဒါပေမယ့် ဘာရည်ရွယ်ချက်နဲ့ အခုလိုနာမည် တပ်ပီးရေးရတာလဲ???ခင်ဗျား ကိုအတိအကျပြောတယ်ဆိုတဲ့ သူကဘယ်သူလဲ???ဘယ်ကကောင်/မလဲ???ကျွန်တော်က ပြောတယ်ဆိုတဲ့ မင်းသမီး???ဘယ်မင်းသမီးလဲ? ဘယ်ကမင်းသမီးလဲ?အဘတွေ ဆိုတာကရောဘယ်ကလဲ???ဘယ်နားက အဘတွေလဲ???သိချင်လွန်းလို့ အတိအကျမြန်မြန်လေးရှင်းပေးပါ !!!!!ခင်ဗျားsmsမှာပြန်ပြော ထားတဲ့အတိုင်း အမြန်ဆုံးရှင်းပေးပါ !!!!!
(ခင်ဗျားနဲ့ အနုပညာအလုပ်တစ်ခုကိုအတူလုပ်ခဲ့ဖူးလို့ စေတနာနဲ့ အကြံပေးလိုက်မယ်အခုလိုမျိုး ကျွန်တော်မှ မဟုတ်ဘူးသူတစ်ဖက်သားကို အခြေအမြစ်မရှိ သက်သေ အတိအကျမရှိပဲ social media မှာပုဂ္ဂိုလ်ရေးတိုက်ခိုက်ပီး အပင်ပန်းခံ$ဖောင်းထု အာချောင်နေမယ့် အစားအခု ခင်ဗျားကိုယ်တိုင်ကြုံတွေ့ခံစားနေရတဲ့သောကဒုက္ခ အန္တရယ်ဘေးကနေကင်းလွတ် အောင် အတွက်ပဲအပင် ပန်းခံတာ ပိုပီးအကျိုးရှိမယ်ထင်တယ်)” လို့ ရေးသားပြီး ရှင်းထားတာပါ။
တစ်ဖက်ကလည်း ” မိုးယံဇွန် မနေ့ညက ဖုန်းဆက်တယ်။ ဒလန်ဖြစ်နေမှာစိုးလို့ ကျွန်တော် မကိုင်တော့ SMS ပို့ပြီးကျွန်တော် မနေ့နေ့လည်က status တင်ထားသလို သူဘယ်မင်းသမီး ကိုမှ “အဘတွေကိုတောင်းပန်လိုက်ပါ။ သူတို့ကခေတ် အဆက်ဆက်နိုင်နေကျပါ” ဆိုတဲ့စကားမပြောဖူးပါဘူးလို့ပြောတယ်။ ဒီကိစ္စ ကိုဖြေရှင်းပေးပါ။ သူ့ဘက်ကလုံးဝ မပြောခဲ့ဘူးချည်းပဲပြောတယ်။ မဖြေရှင်းပေးရင် အသရေဖျက်မှုနဲ့ တရားစွဲမယ်။
ကလေးတွေ သေဒါဏ်ကျခံနေရတဲ့ အချိန်မှာ အသရေဖျက်မှု လောက်ကို ကျွန်တော်မကြောက်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကြားလာတာကို source ဖော်ပြီး မဖြေရှင်းချင်ဘူး။ ဟိုမှာက သူ့အပူနဲ့သူ။ ကျွန်တော်လျှာရှည်လို့ ဒုက္ခပိုမရောက်စေချင်ပါ။ အဲဒီတော့ ကျွန်တော်ပြောခဲ့တဲ့ စကားအတွက် ကျွန်တော် တာဝန်ယူပါတယ်။ အဲဒီ status ဟာဘယ်သူနဲ့မှ မဆိုင်ပဲကျွန်တော် တစ်ယောက်တည်းနဲ့ပဲ ဆိုင်ပါတယ်။ source မဖော်ပြနိုင်တဲ့ အထက်ပါစွပ်စွဲချက်အတွက် ကျွန်တော် တစ်ယောက်တည်းက ကာယကံ ရှင်အားတောင်းပန်ပါတယ်။
ဒါပေမယ့် boycott လုပ်မယ်ဆိုတဲ့ စကားအတွက်တော့ မတောင်းပန်နိုင်ပါ။ တစ်သက်လုံး boycott ပါ။ ကိုယ့်မင်းသား မင်းသမီးတွေထွက်ပြေးနေရချိန်မှာ MWD မှာဖျော်ဖြေရေးလုပ်နေတဲ့ မင်းသားနဲ့ နောက်နောင်ဘယ်တော့မှအလုပ်တွဲ မလုပ်နိုင်ပါ။” တိတိကျကျပြန်ပြောထား တာပါနော်။
Credit…..