သရုပ္ေဆာင္ မယ္လိုဒီကေတာ့ ရုပ္ရည္ေခ်ာေမာရံုသာမက အသားအရည္လည္း ၾကည္လင္လွပတာေၾကာင့္ အဘက္ဘက္က ျပီးျပည့္စံုသူေလးအျဖစ္ ပရိသတ္ေတြၾကားမွာ ေရပန္းစားေအာင္ျမင္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ မယ္လိုဒီက ျပီးခဲ့တဲ့ နွစ္အတြင္းမွာေတာ့ သူမရဲ့ခင္ပြန္းနဲ့ တရားဝင္ကြာရွင္းျပတ္ဆဲျပီးျပီျဖစ္ျပီး သားေလး သဒၶိစစ္ကို ခင္ပြန္းေဟာင္းနဲ့ တစ္ေယာက္တစ္လွည့္စီ ေစာင့္ေရွာက္ေနတာပဲ ျဖစ္ပါတယ္။ လက္ရိွမွာ အနုပညာအလုပ္ေတြကို ရပ္နားထားတဲ့ မယ္လိုဒီက အားတဲ့အခ်ိန္ေလးေတြမွာ ဘာသာေရးနဲ့ အိမ္အလုပ္ေတြကိုသာ ဦးစီးလုပ္ကိုင္ျဖစ္ေနတာပဲ ျဖစ္ပါတယ္။

အိမ္ေထာင္နဲ့ကြာရွင္းျပီးတဲ့ေနာက္ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ခဲ့တဲ့ မယ္လိုဒီကေတာ့ အားကိုးမလိုတဲ့ တစ္ကိုယ္တည္းမိန္းမသားေတြပီပီ အလုပ္ၾကမ္းေတြကိုလည္း ကိုယ္တုိင္ကိုယ္က်လုပ္ေနတာကို ေတြ့ရပါတယ္။ မယ္လိုဒီက “ပုံမွန္ စေနေန႔တိုင္း ေန႔ဆြမ္းကပ္လႉျဖစ္ပါတယ္။ ဆရာေတာ္ေက်ာင္းကျပန္ေတာ့ ၿခံရွင္း အပင္ေတြပုံေဖာ္၊ အပင္ခုတ္၊ အပင္ေရေလာင္း။ မ ကို ရဲရဲႀကီး အားကိုးလို႔ရပါတယ္။ Videoclip ေလးက မင္း အတြက္ မ ရဲ႕အမွတ္တရ” ဆိုျပီး သူမရဲ့ ဗီဒီယိုေလးကို အခုလိုပဲ မွ်ေဝေပးလာပါတယ္။

မယ္လိုဒီကေတာ့ မင္းသမီးဆိုေပမယ့္ နုနုရြရြေလးေနတတ္သလို ေယာက်ာ္းသားအလုပ္ေတြကိုလည္း လုပ္ကိုင္နိုင္တာ တကယ္ကို ေလးစားစရာပါပဲ။ ပရိသတ္ၾကီးလည္း မယ္လိုဒီကိုၾကည့္ျပီး အံ့ၾသေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Melody Myo’s fb
Credit– Cele Connections

သရုပ်ဆောင် မယ်လိုဒီကတော့ ရုပ်ရည်ချောမောရုံသာမက အသားအရည်လည်း ကြည်လင်လှပတာကြောင့် အဘက်ဘက်က ပြီးပြည့်စုံသူလေးအဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မယ်လိုဒီက ပြီးခဲ့တဲ့ နှစ်အတွင်းမှာတော့ သူမရဲ့ခင်ပွန်းနဲ့ တရားဝင်ကွာရှင်းပြတ်ဆဲပြီးပြီဖြစ်ပြီး သားလေး သဒ္ဓိစစ်ကို ခင်ပွန်းဟောင်းနဲ့ တစ်ယောက်တစ်လှည့်စီ စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ မယ်လိုဒီက အားတဲ့အချိန်လေးတွေမှာ ဘာသာရေးနဲ့ အိမ်အလုပ်တွေကိုသာ ဦးစီးလုပ်ကိုင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။

အိမ်ထောင်နဲ့ကွာရှင်းပြီးတဲ့နောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့တဲ့ မယ်လိုဒီကတော့ အားကိုးမလိုတဲ့ တစ်ကိုယ်တည်းမိန်းမသားတွေပီပီ အလုပ်ကြမ်းတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျလုပ်နေတာကို တွေ့ရပါတယ်။ မယ်လိုဒီက “ပုံမှန် စနေနေ့တိုင်း နေ့ဆွမ်းကပ်လှူဖြစ်ပါတယ်။ ဆရာတော်ကျောင်းကပြန်တော့ ခြံရှင်း အပင်တွေပုံဖော်၊ အပင်ခုတ်၊ အပင်ရေလောင်း။ မ ကို ရဲရဲကြီး အားကိုးလို့ရပါတယ်။ Videoclip လေးက မင်း အတွက် မ ရဲ့အမှတ်တရ” ဆိုပြီး သူမရဲ့ ဗီဒီယိုလေးကို အခုလိုပဲ မျှဝေပေးလာပါတယ်။

မယ်လိုဒီကတော့ မင်းသမီးဆိုပေမယ့် နုနုရွရွလေးနေတတ်သလို ယောကျာ်းသားအလုပ်တွေကိုလည်း လုပ်ကိုင်နိုင်တာ တကယ်ကို လေးစားစရာပါပဲ။ ပရိသတ်ကြီးလည်း မယ်လိုဒီကိုကြည့်ပြီး အံ့သြနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Melody Myo’s fb
Credit– Cele Connections