


Credit– CeleZone
Source – Khine Hnin Wai

ပရိသတ်ကြီးရေ မော်ဒယ်လ်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ မော်ဒယ်လ်သဇင်ဦးကတော့ ဒီနေ့ ဇန်နဝါရီလ (၆)ရက်နေ့မှာ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာ အလှူလေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ သဇင်ဦးကတော့ အခုနောက်ပိုင်း သူ့ရဲ့အနုပညာကြေးတေါကနေ ရရှိတဲ့ ချွေးနည်းစာငွေလေးတွေကို စုပြီး လိုအပ်တဲ့ နေရာတွေမှာ လိုက်လံလှူဒါန်းပေးနေခဲ့ပါတယ်။

ဒီနေ့မှာလည်း သဇင်ဦးက ခိုင်နှင်းဝေရဲ့ ရင်သွေးငယ်လေးများ ဂေဟာမှာရှိတဲ့ သားသားမီးမီးလေးတွေအတွက် လိုအပ်တဲ့ နေရာမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး အလှူငွေ (၃)သိန်းကျပ်ကို စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ လှူဒါန်းပေးခဲ့တာပါ။ ခိုင်နှင်းဝေကလည်း အခုလို သူ့ရဲ့ကလေးတွေကို ချစ်ပြီး လှူဒါန်းပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

ကျေးဇူးတင်စကားနဲ့အတူ နောက်နောင်မှာလည်း ဒီထက်မကလှူဒါန်းနိုင်စေဖို့နဲ့ အစစအရာရာမှာ အဆင်ပြေပါစေလို့လည်း ဆုမွန်ကောင်းတွေတောင်းပေးထားပါသေးတယ်။ပရိသတ်ကြီးရေ မော်ဒယ်လ်သဇင်ဦးရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့ ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Credit– CeleZone
Source – Khine Hnin Wai