လူၾကမ္းစိတ္ၾကမ္း သူတစ္ေယာက္ျဖစ္ေပမယ့္ ခ်ိဳသာတဲ့ အသံပိုင္ရွင္ ထူးအယ္လင္းကေတာ့ ဂီတေလာကရဲ့ မၾကိဳက္တဲ့သူမရိွတဲ့ အဆိုေတာ္ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ထူးအယ္လင္းကေတာ့ အသက္အရြယ္ တစ္ခုေရာက္ရိွလာခ်ိန္မွာေတာ့ အနုပညာအလုပ္ေတြနဲ့အတူတူ လူမႈေရးအလုပ္ေတြကိုပါ ပူးတြဲျပီးလုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ လက္ရိွကိုဗစ္ကာလမွာလည္း ထူးအယ္လင္းက အခက္အခဲျဖစ္ေနတဲ့ ျပည္သူေတြကို သူတတ္နိုင္ သေလာက္ကူညီရင္း ပရဟိတအလုပ္ေတြကို စြမ္းစြမ္းတမံလုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

ကိုယ္တိုင္လည္း ပရဟိတအလုပ္ေတြကို လုပ္ကိုင္ေနသလို ပရဟိတစိတ္ရိွ သူေတြကိုလည္း ေလးစားတဲ့ ထူးအယ္လင္းက ဒီကေန့မွာေတာ့ မင္းသမီးေခ်ာ ခိုင္နွင္းေဝနဲ့ ပက္သတ္ျပီး သူသေဘာက်တဲ့ အခ်က္တစ္ခ်က္ကို ေျပာျပလာပါတယ္။ ထူးအယ္လင္းက “မဂၤလာပါ 🤗 သူ႔ကို သေဘာက်တယ္။ သူ႔မွာ ကေလးေတြအမ်ားႀကီးပဲ 😁 မိဘမဲ့ကေလးေတြအတြက္ ပရဟိတေဂ ဟာဖြင့္ထားတာ နဲတဲ့ သတၱိလားဗ်ာ 👍👍👍ေလးစားပါတယ္ ညီမ 💪💪💪” ဆိုျပီး ပြင့္လင္းစြာ ေျပာလာတာပဲ ျဖစ္ပါတယ္။

ထူးအယ္လင္းကေတာ့ မိန္းမသားတစ္ေယာက္ဆိုေပမယ့္ အမ်ိဳးသားေတြရဲ့ ရင္ေဘာင္တန္းျပီး အလုပ္ေတြကို လုပ္ကိုင္ေနတဲ့ ခိုင္နွင္းေဝကို ေလးစားသေဘာက်ေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစ လို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htoo El Lynn’s fb
Credit– Cele Connections

လူကြမ်းစိတ်ကြမ်း သူတစ်ယောက်ဖြစ်ပေမယ့် ချိုသာတဲ့ အသံပိုင်ရှင် ထူးအယ်လင်းကတော့ ဂီတလောကရဲ့ မကြိုက်တဲ့သူမရှိတဲ့ အဆိုတော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ထူးအယ်လင်းကတော့ အသက်အရွယ် တစ်ခုရောက်ရှိလာချိန်မှာတော့ အနုပညာအလုပ်တွေနဲ့အတူတူ လူမှုရေးအလုပ်တွေကိုပါ ပူးတွဲပြီးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိကိုဗစ်ကာလမှာလည်း ထူးအယ်လင်းက အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို သူတတ်နိုင် သလောက်ကူညီရင်း ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ကိုယ်တိုင်လည်း ပရဟိတအလုပ်တွေကို လုပ်ကိုင်နေသလို ပရဟိတစိတ်ရှိ သူတွေကိုလည်း လေးစားတဲ့ ထူးအယ်လင်းက ဒီကနေ့မှာတော့ မင်းသမီးချော ခိုင်နှင်းဝေနဲ့ ပက်သတ်ပြီး သူသဘောကျတဲ့ အချက်တစ်ချက်ကို ပြောပြလာပါတယ်။ ထူးအယ်လင်းက “မင်္ဂလာပါ 🤗 သူ့ကို သဘောကျတယ်။ သူ့မှာ ကလေးတွေအများကြီးပဲ 😁 မိဘမဲ့ကလေးတွေအတွက် ပရဟိတဂေ ဟာဖွင့်ထားတာ နဲတဲ့ သတ္တိလားဗျာ 👍👍👍လေးစားပါတယ် ညီမ 💪💪💪” ဆိုပြီး ပွင့်လင်းစွာ ပြောလာတာပဲ ဖြစ်ပါတယ်။

ထူးအယ်လင်းကတော့ မိန်းမသားတစ်ယောက်ဆိုပေမယ့် အမျိုးသားတွေရဲ့ ရင်ဘောင်တန်းပြီး အလုပ်တွေကို လုပ်ကိုင်နေတဲ့ ခိုင်နှင်းဝေကို လေးစားသဘောကျကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo El Lynn’s fb
Credit– Cele Connections