ချစ်စရာကောင်းကောင်းသလို သွက်သွက်လက်လက် ချက်ချက်ချာချာရှိတဲ့ ခေးဆက်သွင်ကတော့ သူမရဲ့ အပြင်လက်တွေ့ကပုံစံက ပေါ့ပါးပြီး လွတ်လပ်သူဖြစ်ပေမယ့် ဇာတ်လမ်းတွဲတွေမှာတော့ ကျရာကာရိုက်တာအတိုင်း စိတ်ရောကိုယ်ပါ ပြောင်းလဲနိုင်သူတစ်ယောက် ဖြစ်ပါတယ်။ ခေးဆက်သွင်ကတော့ ဇာတ်လမ်းတွဲတွေမှာ မတူညီတဲ့ ကာရိုက်တာတွေမှာ သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးချီးကျူးမှုကို အခိုင်အမာရရှိထားသူလေးတစ်ယောက်ဖြစ်ပါတယ်။ လူလေးလည်းလှ၊ အရည်အချင်းလည်းရှိတဲ့ ခေးဆက်သွင်က စကားပြောကောင်းသူတစ်ယောက်လည်းဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း ဇာတ်လမ်းတွဲမင်းသား၊ မင်းသမီးတွေကို ချစ်သူတော်သင့်ကြောင်း အချက်ကျကျပြောပြီး စျေးဗန်းခင်းလာခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။
“ဇာတ်လမ်းတွဲ မင်းသားမင်းသမီးတွေကို ချစ်သူတော်ပါ(ကိုယ့်ဘက် ကိုယ်ယက် post😛) 1.အစားအသောက် – သူတို့က ဂျီးလုံးဝမများပါဘူး (များလို့လည်းမရပါဘူး😝) အိမ်ချက်ကလေးမှ အမေ့လက်ရာကလေးမှ၊ ဘယ် Hotel စာလေးမှ စားချင်ပါတယ်မရှိပါဘူး။ ရှိရင်လည်း သည်းခံရပါတယ်။ ရူတင်ထမင်းဟင်းကို အားလုံးနဲ့ တန်းတူ ၄ ၅ ၆လ စားရတာမို့ ဘာလာလာဒေါင်း အကုန်ကြိတ်ပါတယ်။ 2.အနေအထိုင် – နယ်ပေါင်းစုံ သွားရိုက်ရတာကြောင့် အခက်အခဲတစ်သိန်းနဲ့လည်း နေတတ်ထိုင်တတ် အိပ်တယ်ပါတယ်။ အဲကွန်းလေးနဲ့မှ စပရိန်မွေ့ယာလေးနဲ့မှ၊ ရေပူရေအေးလေးနဲ့မှ၊ ဘိုထိုင်အိမ်သာ၊ ခြင်လုံဇကာ ဘာညာ မူလဂျီ တူလဂျီ မရှိပါဘူး။ အခန်းလေးကျယ်ပြီး သပ်ရပ်ရင်ကို သိန်း ၁၅ဝဝဝခွဲဆုရှင်လို ဂုဏ်ယူနေတတ်ကြပါပြီ”
“3.အသုံးအစွဲ – ဇာတ်လမ်းတွဲမရိုက်ရတဲ့ကာလတွေမှာ ဝန်ထမ်းတွေလို လစာနဲ့မို့ ဘယ်ချိန်မှာသုံးသင့်တယ်။ ဘယ်ချိန်မှာ မသုံးသင့်ဘူး။ ကောင်းကောင်း စီစစ်ခြွေတာတတ်သူလေးတွေပါ။ (အောင်မြင်လာပြီး အပြင်မှာရိုက်ရသူတွေတော့ တစ်မျိုးပေါ့ ဒါပေမယ့်လည်း အားလုံးက အောက်သက်ကျေပြီးသားမို့ စီစစ်တတ်ပါတယ်)။ 4.အလှအပ – တရေးနိုးလို့ ထကြည့်ရင်တောင် လှနေအောင်နေတတ်ပါတယ်။ ဇာတ်လမ်းတွဲတွေက အကြာကြီးရိုက်ရတော့ အမြဲ အလှပြင်နည်းနဲ့ အကျွမ်းတဝင်ရှိနေလို့ပါ။ ပြောချင်တာက ပွဲထုတ်လို့ သင့်တော်ပါတယ်ပေါ့ကွယ်😂 5.နားလည်မှု – ရှယ်ပေးနိုင်ပါတယ်။ သူတို့ကိုလည်း နားလည်မှုရှယ်ပြန်ပေးရပါလိမ့်မယ်။ မနက် ၆နာရီထ ညနေ ၆နာရီမှ အိမ်ပြန်(တခါတလေ ညလုံးပေါက်ရိုက်)ရတဲ့သူတွေမို့ရစ်ဖို့ ဂျစ်ဖို့ သဝန်တို ရယ်ရယ်ငိုငိုလုပ်ဖို့ အချိန်သိပ်မရှိလို့ အဆင်ပြေပါလိမ့်မယ်။”
“6.သစ္စာ – ဘာရှိသလဲမမေးနဲ့။ တစ်ယောက်တည်းအတွက်တောင် အချိန်မနည်းလုပေးနေရတာ။ နှစ်ယောက်သုံးယောက်ဆိုရူးသွားမှာကြောက်လို့ သူတို့ မထားလောက်ပါဘူး။ ထားရင်လည်း မျှမျှတတချစ်ပေးပါလိမ့်မယ်(စတာနော်😝😝😝) 7.ဘဝရည်မှန်းချက်နဲ့တိုးတက်မှု – သူတို့မကြိုးစားရင်တောင် ကုမ္ပဏီက တွန်းအားနဲ့ အားလပ်ချိန်တွေမှာ တစ်ခုမဟုတ်တစ်ခု သင်တန်းတက်နေကြရတဲ့သူတွေမို့ ဒါလည်း စိတ်ပူစရာမရှိပါဘူး။ မကြိုးစားရင် ကျန်ခဲ့မှာ ကြောက်လို့ အကုန်ကျားကုတ်ကျားခဲပါပဲ။ ကိုင်း စဉ်းစားမနေပဲ ချစ်လိုက်ကြပါစို့😂😂😂” ဆိုပြီး အထာကျကျပြောလာတာပဲ ဖြစ်ပါတယ်။
ခေးဆက်သွင်ကတော့ ဇာတ်လမ်းတွဲ မင်းသား၊ မင်းသမီးတွေကို ချစ်သူတော်သင့်ကြောင်း ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ ပြောလာပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင်ပြောတာလေးကိုကြည့်ပြီး အဘက်ဘက်ကပြည့်စုံနေတဲ့ ဇာတ်လမ်းတွဲ မင်းသား၊ မင်းသမီးလေးတွေကို ပိုလို့တောင်ချစ်သွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Khay Sett Thwin’s fb
Credit– Cele Connections