ပရိတ်သတ်ကြီးရေ….အနုပညာလောကမှာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုရိ်ုက်ကူးထားတဲ့ ဒါရိုက်တာသည်ခေတ်နေဟာဆိုရင် ဖေဖော်ဝါရီလအစပိုင်းကတည်းက နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တာပဲဖြစ်ပါတယ်နော်။သည်ခေတ်နေက လူထုလှုပ်ရှားမှုမှာလည်းအားကြိုးမာန်တက်ပါဝင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်နော်။ သည်ခေတ်နေက အမှန်တရားဘက်မှာရဲဝင့်စွာရပ်တည်ခဲ့တဲ့အတွက်ကြောင့် ပုဒ်မ ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံထားရတာပဲဖြစ်ပါ တယ်။
​သည်ခေတ်နေကတော့ ရှောင်တိမ်းနေရပေမယ့်လည်း လတ်တလောအခြေအနေတွေနဲ့ပတ်သက်ပြီး အမှန်တရားတွေကိုသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် အမြဲမျှဝေပေးလေ့ရှိပါတယ်နော်။ဒီကနေ့မှာဆိုရင်လည်း သည်ခေတ်နေကလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးသတိအရဆုံးလူတစ်ယောက်အကြောင်းကိုပြောပြလာခဲ့တာပဲဖြစ်ပါ တယ်နော်။
အဲ့ဒါကတော့ မတရားမှုမှန်သမျှကိုလက်ပိုက်ကြည့်မနေတတ်တဲ့ မင်းသွေးရဲ့အကြောင်းကိုသတိတရနဲ့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်ပရိတ်သတ်ကြီးရေ..။ သည်ခေတ်နေက “ဒီအချိန်မှာ သတိအရဆုံးလူ။ကိုယ့်ကိုဒါရိုက်တာအဖြစ် ပထမဆုံးပေးရိုက်ခဲ့တဲ့လူ။မတရားမှုမှန်သမျှကို စောက်ရမ်းမုန်းတတ်တဲ့လူ။နောက်ပိုင်းတော့…ကြားထဲကသွေးခွဲတဲ့ပရမ်းပတာအချို့ကြောင့် သူနဲ့သိပ်မဆုံဖြစ်တော့ပါဘူး။ဒီအချိန်သာသူရှိနေရင်သူပြောနေကျ-“အဓိပ္ပါယ်မဲ့လိုက်ကြတာဗျာ”ဆိုတဲ့စကားပဲပြောနေဦးမလား။😌” ဆိုပြီးမင်းသွေးသာခုချိန်ရှိနေခဲ့ရင်ပြောမယ့်စကားလေးကို သတိတရနဲ့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။သည်ခေတ်နေပြောပြလာတဲ့မင်းသွေးအကြောင်းလေးကိုဖတ်ရင်းမင်းသွေးကိုသတိရသွားတာတော့အမှန်ပါပဲနော်.။ပရိတ်သတ်ကြီးကလည်းဒီအကြောင်းလေးကိုဖတ်ရင်းမင်းသွေးကိုသတိရသေးရင်တစ်ခုခုပြောခဲ့ပါအုံးနော်..၊။ဖတ်ရှုပေးတဲ့ Celebrity Platforms ပရိတ်သတ်ကြီးကိုအထူးပဲကေျးဇူးတင်ရှိပါ တယ်။
Source; The Khit Nay’s Fb Acc
Credit ; Celebrity Platforms