မဂၤလာပါ ပရိတ္သတ္ၾကီးေရ…..အဆိုေတာ္ G Fatt ကေတာ့ ေတးသီခ်င္းေတြကို ကိုယ္တိုင္ဖန္တီးေရးသားသီဆိုေနတဲ့ လူငယ္ေတးသံရွင္တစ္ဦးပဲ ျဖစ္ပါတယ္။ လူငယ္ပီပီ အမွန္တရားဘက္ကေန ရပ္တည္ၿပီး လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူ ပူးေပါင္းပါဝင္ေနတာလည္း ျဖစ္ပါတယ္။ က်ရာအခန္းက႑ကေန ကူညီေဆာင္ရြက္ေပးေနတဲ့ G Fatt ကိုေတာ့ ပရိသတ္ေတြအားလုံးက ေလးစားေနၾကတာပါ။
လက္ရွိအေျခအေနနဲ႔ ပတ္သတ္ၿပီးေတာ့ သူ႔ရဲ့ ထင္ျမင္ယူဆခ်က္ေတြကို လူမႈကြန္ယက္စာမ်က္ႏွာတြင္ အျမဲေရးသားေဝမၽွေပးေနသူလည္း ျဖစ္ပါတယ္။ မၾကာေသးခင္ ရက္ပိုင္းေလာက္ကလည္း G Fatt ရဲ့ Facebook အေကာင့္တြင္ လူထုလႈပ္ရွားမႈေတြမွာ တက္ႂကြစြာပါဝင္ေနတဲ့ လူငယ္ေတြကို အျပစ္မျမင္ဘဲ အေကာင္းဘက္ကေတြးေပးၾကဖို႔ ေတာင္းဆိုလိုက္တာပဲ ျဖစ္ပါတယ္။ ” နည္းနည္းပင္ပန္းလို႔ ခဏနားတာေတာ့ရွိမယ္ ေသြးေအးေနတာမဟုတ္ဘူး ။ လူေတြ အသလြတ္သတ္ေနလို႔ ဘယ္နည္းလမ္းေကာင္းမလဲ ခဏစဥ္းစားတာလည္း ျဖစ္တယ္ ။
ဒီမတရားမႈေတြအေပၚ ေနသားက်သြားစရာ အေၾကာင္းမရွိဘူး။လမ္းေတြအဖယ္ခံရတိုင္း ရင္ထဲက မတရားမႈေတြကလမ္းေတြလို ရွင္းသြားမွာမဟုတ္ဘူး ။ ရပ္ကြက္ထဲက ဒလန္ေတြလည္း ျမဲျမဲမွတ္ထား ခင္ဗ်ားတို႔လုပ္ရက္အတြက္ဘဝေပး အသက္ေပးလိုက္ရတဲ့ လူငယ္ေတြကိုယ္စား က်န္တဲ့လူငယ္ေပါင္းမ်ားစြာက ခင္ဗ်ားတို႔ကိုဘယ္ေတာ့မွကမၻာမေၾကဘူး ။ ေခါင္းကိုခ်ည္းတည္ပစ္ခဲ့ၾကတဲ့သူေတြလည္း ေနာင္တစ္ခ်ိန္ဘယ္အေၾကာင္းျပခ်က္ေပးေပးကၽြန္ေတာ္တို႔ခြင့္လႊတ္မွာမဟုတ္ဘူး ။ ဆိုေတာ့ .. စည္းလုံးမႈအားဟာ အရွိန္မက်ပါဘူး ။
ကန႔္လန႔္လိုက္တိုက္မယ့္ လူႀကီးတစ္ခ်ိဳ႕ရွိေပမယ့္ တစ္ကယ္အားတက္သေရာ ပါဝင္ ၾကတဲ့ လူႀကီးေတြလဲ ဒုနဲ႔ေဒးပဲဘယ္သူကန႔္ကြက္ ကန႔္ကြက္ ကၽြန္ေတာ္တို႔က ဒီမတရားမႈေတြကို တြန္းလွန္မွာပဲ ။ ကၽြန္ေတာ္တို႔ GZ ေတြကို ကာကြယ္ေဖးမမယ္ ။ သူတို႔ေအာင္ပြဲအတြက္ ကၽြန္ေတာ္တို႔ ကိုယ္စြမ္းဥာဏ္စြမ္းရွိသမၽွ စဥ္းစားဝန္းရံမယ္ ။အားေပးေဖးမမယ္ ။ လူႀကီးတစ္ခ်ိဳ႕လည္း အျမင္ေျပာင္းေစခ်င္တယ္ တစ္ျခားနိုင္ငံက လူငယ္ေတြကို ”ေတာ္လိုက္တာ” “ထက္ျမက္လိုက္ၾကတာ” စသျဖင့္ အားက် ခ်ီးက်ဴးဖူးတယ္ မလား ? ကၽြန္ေတာ္တို႔ဆီက ကေလးေတြမွာလည္း အဲ့ထက္မေလ်ာ့တဲ့အရည္အခ်င္းေတြရွိတယ္ ၊ နိုင္ငံျခားသားတစ္ေယာက္ ျမင္တိုင္း Auto အထင္ႀကီးစိတ္ဝင္တဲ့မ်ိဳးဆက္မဟုတ္ဘူး ။ရင္ေဘာင္တန္းျပမယ့္ မ်ိဳးဆက္ျဖစ္တယ္ ။
ဒီအေရးေတာ္ပုံေအာင္လို႔ ဒီမိုကေရစီရရင္ ဒီနိုင္ငံကို သူတို႔ လက္နဲ႔ ဆြဲတင္ျပၾကလိမ့္မယ္ ။ ေစာင့္ၾကည့္။ အဓိကေျပာခ်င္တာကေတာ့ ကေလးေတြကိုအားေပးပါ ၊ ကာကြယ္ပါ ၊ ဝိုင္းေစာင့္ေလ်ာက္ပါ။ ဦးေလးတို႔အေၾကာက္တရားနဲ႔အန္တီတို႔စိုးရိမ္စိတ္ကို ကၽြန္ေတာ္တို႔နားလည္ပါတယ္ ။ ဒီပြဲမနိုင္နိုင္ဘူးလို႔ ဦးတို႔အန္တီတို႔ ထင္ေနတာလည္း နားလည္ပါတယ္ ။ဒါေပမယ့္ ကၽြန္ေတာ္တို႔က လူငယ္ေတြပါ ကၽြန္ေတာ္ တို႔မွာ ယုံၾကည္ခ်က္ေတြေရာ အနာဂါတ္ေတြေရာ အမွားအမွန္ခြဲျခားနိုင္စြမ္းေတြေရာ တိုင္းျပည္ကိုခ်စ္စိတ္ေတြေရာ အျပည့္ရွိတယ္ ။ ” ဆိုၿပီး ေရးသားထားတာကို ပရိသတ္ေတြလည္း သိရွိေစရန္အတြက္ တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။
Credit :Celethatin
မင်္ဂလာပါ ပရိတ်သတ်ကြီးရေ…..အဆိုတော် G Fatt ကတော့ တေးသီချင်းတွေကို ကိုယ်တိုင်ဖန်တီးရေးသားသီဆိုနေတဲ့ လူငယ်တေးသံရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လူငယ်ပီပီ အမှန်တရားဘက်ကနေ ရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။ ကျရာအခန်းကဏ္ဍကနေ ကူညီဆောင်ရွက်ပေးနေတဲ့ G Fatt ကိုတော့ ပရိသတ်တွေအားလုံးက လေးစားနေကြတာပါ။
လက်ရှိအခြေအနေနဲ့ ပတ်သတ်ပြီးတော့ သူ့ရဲ့ ထင်မြင်ယူဆချက်တွေကို လူမှုကွန်ယက်စာမျက်နှာတွင် အမြဲရေးသားဝေမျှပေးနေသူလည်း ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း G Fatt ရဲ့ Facebook အကောင့်တွင် လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်နေတဲ့ လူငယ်တွေကို အပြစ်မမြင်ဘဲ အကောင်းဘက်ကတွေးပေးကြဖို့ တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။ ” နည်းနည်းပင်ပန်းလို့ ခဏနားတာတော့ရှိမယ် သွေးအေးနေတာမဟုတ်ဘူး ။ လူတွေ အသလွတ်သတ်နေလို့ ဘယ်နည်းလမ်းကောင်းမလဲ ခဏစဉ်းစားတာလည်း ဖြစ်တယ် ။
ဒီမတရားမှုတွေအပေါ် နေသားကျသွားစရာ အကြောင်းမရှိဘူး။လမ်းတွေအဖယ်ခံရတိုင်း ရင်ထဲက မတရားမှုတွေကလမ်းတွေလို ရှင်းသွားမှာမဟုတ်ဘူး ။ ရပ်ကွက်ထဲက ဒလန်တွေလည်း မြဲမြဲမှတ်ထား ခင်ဗျားတို့လုပ်ရက်အတွက်ဘဝပေး အသက်ပေးလိုက်ရတဲ့ လူငယ်တွေကိုယ်စား ကျန်တဲ့လူငယ်ပေါင်းများစွာက ခင်ဗျားတို့ကိုဘယ်တော့မှကမ္ဘာမကြေဘူး ။ ခေါင်းကိုချည်းတည်ပစ်ခဲ့ကြတဲ့သူတွေလည်း နောင်တစ်ချိန်ဘယ်အကြောင်းပြချက်ပေးပေးကျွန်တော်တို့ခွင့်လွှတ်မှာမဟုတ်ဘူး ။ ဆိုတော့ .. စည်းလုံးမှုအားဟာ အရှိန်မကျပါဘူး ။
ကန့်လန့်လိုက်တိုက်မယ့် လူကြီးတစ်ချို့ရှိပေမယ့် တစ်ကယ်အားတက်သရော ပါဝင် ကြတဲ့ လူကြီးတွေလဲ ဒုနဲ့ဒေးပဲဘယ်သူကန့်ကွက် ကန့်ကွက် ကျွန်တော်တို့က ဒီမတရားမှုတွေကို တွန်းလှန်မှာပဲ ။ ကျွန်တော်တို့ GZ တွေကို ကာကွယ်ဖေးမမယ် ။ သူတို့အောင်ပွဲအတွက် ကျွန်တော်တို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စဉ်းစားဝန်းရံမယ် ။အားပေးဖေးမမယ် ။ လူကြီးတစ်ချို့လည်း အမြင်ပြောင်းစေချင်တယ် တစ်ခြားနိုင်ငံက လူငယ်တွေကို ”တော်လိုက်တာ” “ထက်မြက်လိုက်ကြတာ” စသဖြင့် အားကျ ချီးကျူးဖူးတယ် မလား ? ကျွန်တော်တို့ဆီက ကလေးတွေမှာလည်း အဲ့ထက်မလျော့တဲ့အရည်အချင်းတွေရှိတယ် ၊ နိုင်ငံခြားသားတစ်ယောက် မြင်တိုင်း Auto အထင်ကြီးစိတ်ဝင်တဲ့မျိုးဆက်မဟုတ်ဘူး ။ရင်ဘောင်တန်းပြမယ့် မျိုးဆက်ဖြစ်တယ် ။
ဒီအရေးတော်ပုံအောင်လို့ ဒီမိုကရေစီရရင် ဒီနိုင်ငံကို သူတို့ လက်နဲ့ ဆွဲတင်ပြကြလိမ့်မယ် ။ စောင့်ကြည့်။ အဓိကပြောချင်တာကတော့ ကလေးတွေကိုအားပေးပါ ၊ ကာကွယ်ပါ ၊ ဝိုင်းစောင့်လျောက်ပါ။ ဦးလေးတို့အကြောက်တရားနဲ့အန်တီတို့စိုးရိမ်စိတ်ကို ကျွန်တော်တို့နားလည်ပါတယ် ။ ဒီပွဲမနိုင်နိုင်ဘူးလို့ ဦးတို့အန်တီတို့ ထင်နေတာလည်း နားလည်ပါတယ် ။ဒါပေမယ့် ကျွန်တော်တို့က လူငယ်တွေပါ ကျွန်တော် တို့မှာ ယုံကြည်ချက်တွေရော အနာဂါတ်တွေရော အမှားအမှန်ခွဲခြားနိုင်စွမ်းတွေရော တိုင်းပြည်ကိုချစ်စိတ်တွေရော အပြည့်ရှိတယ် ။ ” ဆိုပြီး ရေးသားထားတာကို ပရိသတ်တွေလည်း သိရှိစေရန်အတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Credit :Celethatin