ပရိတ္သတ္ၾကီးေရ…..ျမန္မာတနိုင္ငံလုံးမွာရွိတဲ့ မိုဘိုင္း အင္တာနက္ မ်ားကို အာဏာသိမ္း စစ္တပ္မွ မတ္လ ၁၅ ရက္ေန႔မွ စတင္ကာ ျဖတ္ေတာက္ခဲ့တဲ့အတြက္ ျပန္လည္ ဖြင့္ေပးဖို႔ ပိုင္တံခြန္က ေတာင္းဆိုလိုက္ပါတယ္။ “တရားမဝင္ အာဏာသိမ္း စစ္တပ္ဟာ သူတို႔ရဲ့ ရက္စက္ ၾကမ္းၾကဳတ္တဲ့ နည္းလမ္းမ်ားကို ဖုံးကြယ္ရန္နဲ႔ ေျမျပင္မွ တိုက္ရိုက္ ထုတ္လႊင့္မႈမ်ား ကို ထိန္းခ်ဳပ္ရန္ အတြက္ မတ္လ ၁၅ ရက္ေန႔မွ စတင္ၿပီး မိုဘိုင္း အင္တာနက္မ်ားကို ျဖတ္ေတာက္ခဲ့ပါတယ္”လို႔ ပိုင္တံခြန္က ေျပာထားပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ အင္တာနက္ ျဖတ္ေတာက္မႈဟာ တတိယ အႀကိမ္ေျမာက္ ျဖစ္ၿပီး အခုလို မိုဘိုင္းအင္တာနက္ ျဖတ္ေတာက္ထားၿခ င္း ကို ဆန႔္က်င္၍ ခ်က္ခ်င္း ျပန္လည္ေပးရန္အတြက္ ေတာင္းဆိုထားျခင္း ျဖစ္ပါတယ္။ “လူသားတို႔ရဲ့ အေျခခံအခြင့္အေရးကို ပိတ္ ပင္ျခင္းျဖစ္တဲ့ အင္တာနက္ ျဖတ္ေတာက္မႈဟာ စစ္အာဏာသိမ္းၿပီးေနာက္ တတိယ အႀကိမ္ ေျမာ က္ ျဖစ္ပါတယ္။ စစ္ေကာင္စီဟာ လူသားမ်ိဳးႏြယ္စုအေပၚ ဖိႏွိပ္ေသာ ရာဇဝတ္မႈမ်ားႏွင့္ လူမဆန္ေသာ ရက္စက္မႈမ်ားစြာကို က်င့္သုံး ခဲ့ပါတယ္။ စစ္ေကာင္စီရဲ့ အင္တာနက္ ျဖတ္ေတာက္ျခင္းကို လုံးဝ ဆန႔္က်င္ၿပီး က်ေနာ္တို႔ မိုဘိုင္း အင္တာနက္ကို ခ်က္ခ်င္း ျပန္လည္ ေပး အပ္ရန္ ေတာင္းဆိုလိုက္ပါတယ္” လို႔ ပိုင္တံခြန္က ဆိုပါတယ္။

စစ္ေကာင္စီဟာ သူတို႔ရဲ့လုပ္ရပ္မ်ားကို ကမၻာမွ အခ်ိန္ႏွင့္တေျပးညီ မသိေစရန္ အတြက္ မိုဘိုင္း အင္တာနက္မ်ားကို မတ္လ ၁၅ ရက္မွစတင္ ကာ အကန႔္အသတ္မရွိ ပိတ္ပင္ထားတာျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာသိမ္းတဲ့ေန႔မွာဆိုရင္လည္း ဖုန္းလိုင္းမ်ား၊ အင္တာနက္ လိုင္း မ်ားကို ပိတ္ဆို႔ခဲ့ပါတယ္။ ဒါ့အျပင္ အခုလို မိုဘိုင္း အင္တာနက္မ်ား မျဖတ္ေတာက္ခင္ကလည္း မနက္ ၁ နာရီမွ မနက္ ၉ နာရီအထိ အင္တာနက္ ျဖတ္ေတာက္မႈမ်ား ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ ဆိုရွယ္မီဒီယာ အမ်ားစုကိုလည္း ယေန႔အခ်ိန္ထိ ပိတ္ပင္ ထားဆဲ ျဖစ္ပါတယ္။
Credit…..

ပရိတ်သတ်ကြီးရေ…..မြန်မာတနိုင်ငံလုံးမှာရှိတဲ့ မိုဘိုင်း အင်တာနက် များကို အာဏာသိမ်း စစ်တပ်မှ မတ်လ ၁၅ ရက်နေ့မှ စတင်ကာ ဖြတ်တောက်ခဲ့တဲ့အတွက် ပြန်လည် ဖွင့်ပေးဖို့ ပိုင်တံခွန်က တောင်းဆိုလိုက်ပါတယ်။ “တရားမဝင် အာဏာသိမ်း စစ်တပ်ဟာ သူတို့ရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ နည်းလမ်းများကို ဖုံးကွယ်ရန်နဲ့ မြေပြင်မှ တိုက်ရိုက် ထုတ်လွှင့်မှုများ ကို ထိန်းချုပ်ရန် အတွက် မတ်လ ၁၅ ရက်နေ့မှ စတင်ပြီး မိုဘိုင်း အင်တာနက်များကို ဖြတ်တောက်ခဲ့ပါတယ်”လို့ ပိုင်တံခွန်က ပြောထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အင်တာနက် ဖြတ်တောက်မှုဟာ တတိယ အကြိမ်မြောက် ဖြစ်ပြီး အခုလို မိုဘိုင်းအင်တာနက် ဖြတ်တောက်ထားခြ င်း ကို ဆန့်ကျင်၍ ချက်ချင်း ပြန်လည်ပေးရန်အတွက် တောင်းဆိုထားခြင်း ဖြစ်ပါတယ်။ “လူသားတို့ရဲ့ အခြေခံအခွင့်အရေးကို ပိတ် ပင်ခြင်းဖြစ်တဲ့ အင်တာနက် ဖြတ်တောက်မှုဟာ စစ်အာဏာသိမ်းပြီးနောက် တတိယ အကြိမ် မြော က် ဖြစ်ပါတယ်။ စစ်ကောင်စီဟာ လူသားမျိုးနွယ်စုအပေါ် ဖိနှိပ်သော ရာဇဝတ်မှုများနှင့် လူမဆန်သော ရက်စက်မှုများစွာကို ကျင့်သုံး ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အင်တာနက် ဖြတ်တောက်ခြင်းကို လုံးဝ ဆန့်ကျင်ပြီး ကျနော်တို့ မိုဘိုင်း အင်တာနက်ကို ချက်ချင်း ပြန်လည် ပေး အပ်ရန် တောင်းဆိုလိုက်ပါတယ်” လို့ ပိုင်တံခွန်က ဆိုပါတယ်။

စစ်ကောင်စီဟာ သူတို့ရဲ့လုပ်ရပ်များကို ကမ္ဘာမှ အချိန်နှင့်တပြေးညီ မသိစေရန် အတွက် မိုဘိုင်း အင်တာနက်များကို မတ်လ ၁၅ ရက်မှစတင် ကာ အကန့်အသတ်မရှိ ပိတ်ပင်ထားတာဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းတဲ့နေ့မှာဆိုရင်လည်း ဖုန်းလိုင်းများ၊ အင်တာနက် လိုင်း များကို ပိတ်ဆို့ခဲ့ပါတယ်။ ဒါ့အပြင် အခုလို မိုဘိုင်း အင်တာနက်များ မဖြတ်တောက်ခင်ကလည်း မနက် ၁ နာရီမှ မနက် ၉ နာရီအထိ အင်တာနက် ဖြတ်တောက်မှုများ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ အများစုကိုလည်း ယနေ့အချိန်ထိ ပိတ်ပင် ထားဆဲ ဖြစ်ပါတယ်။
Credit…..

Leave a Comment

Your email address will not be published. Required fields are marked *