


Source : Maung Thi
Credit : (Cele Gabar)

ပရိတ်ကြီးရေ .. နှစ်ပေါင်းများစွာတိုင်အောင် သူတို့ချစ်တဲ့ အနုပညာတွေနဲ့ ပေးဆပ်ပြီး ပရိသတ်တွေကို ပျော်ရွှင်စေခဲ့တဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော်တွေဖြစ်တဲ့ အနုပညာကြယ်ပွင့်တော်တော်များများဟာ ဒီအစောပိုင်းနှစ်တွေမှာ တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်ခဲ့ရပါတယ် ။ ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်တွေဖြစ်လို့ ကြွေလွင့်သွားသည့်တိုင်အောင် ယနေ့တိုင် ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာယူနေဆဲပါ ။

လတ်တလောမှာတော့ ဒါရိုက်တာမောင်သီက ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်တွေနဲ့ပတ်သတ်ပြီး သူ့ရဲ့ခံစားချက်အချို့ကို အခုလို ပြောပြလာခဲ့ပါတယ် ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော် (၄) ယောက် ရိုက်ကူးခဲ့တဲ့ ဟာသ ဇာတ်ဝင်ခန်း ပုံရိပ်လေးနဲ့အတူ ဒီ ဇာတ်ဝင်ခန်း မှာ သူတို့(၄)ယောက် ရယ်စရာတွေ ပြောနေကြတယ်ကျွန်တော် မရယ်နိုင်လို့ TV ပိတ်လိုက်တယ် ဆိုတဲ့စာသားလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။

ဒီအနုပညာရှင်တွေ ကွယ်လွန်သွားခဲ့တာကတော့ ထင်ပေါ် ၁၂နှစ်ခွဲ ၊ ကုသိုလ် ၆နှစ်ခွဲ ၊ ကင်းကောင် ၂နှစ် ၊ ဧရာ ၁လ ခန့်ရှိခဲ့ပြီဖြစ်ပါတယ် ။ လူသေပေမယ့် နာမည်မ သေတဲ့ အနုပညာရှင်တွေ ရဲ့ ဇာတ်ဝင်ခန်းလေးကတော့ မရယ်နိုင်လောက်အောင် သူတို့တွေကို ပြန်လည်တမ်းတ စေခဲ့တယ်ထင်ပါတယ် ပရိသတ်ကြီးရေ ..။

Source : Maung Thi
Credit : (Cele Gabar)