


Source: Aye Chan Moe’s fb

ဆရာဝန်မလေးလည်းဖြစ်၊ Miss Universe Myanmar 2013 ရဲ့ 1st runner up ဆုရှင်တစ်ယောက်လည်းဖြစ်တဲ့အပြင် နိုင်ငံကျော် အစီအစဉ်တင်ဆက်သူတစ်ယောက်လည်းဖြစ်တဲ့ အေးချမ်းမိုးကတော့ သူမဘဝကို နွေးထွေးလုံခြုံအောင် ထားနိုင်မယ့် ချစ်ရသူရဲ့ လက်ထပ် ခွင့်တောင်းဆိုမှုကို လက်ခံခဲ့ပြီပဲ ဖြစ်ပါတယ်။ အေးချမ်းမိုးရဲ့ချစ်သူက အေးချမ်းမိုးနဲ့ ဝါသနာတူ စိတ်ချင်းတူတာကြောင့် ပရိသတ်တွေက နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်တဲ့ စုံတွဲလေးအဖြစ် ကောင်းချီးပေ းနေကြတာပဲ ဖြစ်ပါတယ်။

အေးချမ်းမိုးကတော့ သူမအပေါ် အရမ်းချစ်ပြီး အစစအရာရာ လိုလေသေးမရှိပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးတဲ့ ချစ်သူ တစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ အေးချမ်းမိုးကတော့ အချစ်ရေးမှာ ကံကောင်းသူလေးတစ်ယောက်ပါပဲ။ ဒီတစ်ခါမှာတော့ အေးချမ်းမိုးက သူမကို လက်ထပ်ခွင့်တောင်းဖို့ ကြိတ်စီစဉ်ခဲ့တဲ့ ချစ်သူရဲ့ ဗီဒီယိုလေးကို မျှဝေရင်း “သူရဲ့ Surprise Proposal ​လေး 🥰🥰🥰အချစ်ဆိုတာ ချစ်​နေဖို့ပါပဲ ❤ ထပ်တူ​ပျော်ရွှင်​ပေးကြတဲ့ သူငယ်ချင်း မိတ်​ဆွေများ၊ မိသားစုဝင်များ(My Charms/We love ChanMoeLay) အားလုံးကို ​ကျေးဇူးတင်ပါတယ်ရှင့် 😘” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

အေးချမ်းမိုးကတော့ မကြာခင်အချိန်အတွင်းမှာပဲ ချစ်သူနဲ့ ရွှေလက်တွဲ လက်ထပ်ကြတော့မှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေးချမ်းမိုးတို့ရဲ့ ကြည်နူးစရာဗီဒီယိုလေးကိုကြည့်ရှုပြီး ချစ်ရသူနဲ့ အိပ်မက်တစ်ခုကို အတူတူပုံဖော်ကြဖို့ စိတ်ကူးယဉ်မိကြမှာ အသေအချာပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Aye Chan Moe’s fb
Credit – Cele Connections