သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝကေတာ့ ပရိသတ္ေတြ ၾကားမွာ ပရဟိတမင္းသမီးအျဖစ္ ေရပန္းစား နာမည္ႀကီးေနသူတစ္ေယာက္ပါ။ အႏုပညာ အသိုင္းအဝိုင္းက အခက္အခဲ ျဖစ္ေနၾကသူမ်ားနဲ႔ စားဝတ္ေနေရး မေျပလည္သူမ်ား ကိုလည္း တတ္နိုင္တဲ့ ဘက္ကေန ကူညီလႉဒါန္းေပးေနသူပါ။ ခိုင္ႏွင္းေဝ ရင္ေသြး ေလးမ်ား ေဂဟာကို တည္ေထာင္ထားၿပီး ပရဟိတလုပ္ငန္းေတြကို စြမ္းစြမ္းတမံ ကူညီ ေဆာင္ရြက္ေပးေနတာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ လူမမယ္ကေလးငယ္ေလး မ်ားကိုလည္း ေႏြးေထြးမႈ အျပည့္နဲ႔ ေခၚယူေမြးစားကာ ထိန္းသိမ္းေစာင့္ေရွာက္ေပးေနတဲ့ ပရဟိတ သူရဲေကာင္းတစ္ဦးပဲ ျဖစ္ပါတယ္။ သူမရဲ့ မြန္ျမတ္တဲ့ စိတ္ထားေလးေၾကာင့္လည္း ပရိသတ္မ်ားက ေလးစားအားက်ေနၾကတာ ျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ခိုင္ႏွင္းေဝ ရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာတြင္ စစ္ေျပးရင္း ဆုံးပါးသြားခဲ့ေသာ ျပည္သူ တစ္ဦးရဲ့သားငယ္ေလးကို ေခၚယူ ေစာင့္ေရွာက္ေမြးစား သြားဖို႔အတြက္ စီစဥ္ေနတဲ့ အေၾကာင္းကို ေရးသားထားတာပါ။

” ဖခင္က တာဝန္ မယူဘဲ စြန႔္ပစ္ထားၿပီး မိခင္က စစ္ေျပးရင္း ဆုံးသြား ခဲ့တဲ့ အတြက္ တစ္ေယာက္ထဲ က်န္ခဲ့တဲ့ သားငယ္ေလးကို ေခၚယူ ေစာင့္ေရွာက္ေမြးစား ျဖစ္ပါတယ္ရွင္..ကေလးက (၄၅)ရက္ ျပည့္ၿပီမို႔ ေလယာဥ္စီး လို႔ရတဲ့အတြက္ မနက္ျဖန္ ေလယာဥ္နဲ႔ ရန္ကုန္ကို ေရာက္ရွိမွာ ျဖစ္ပါတယ္..တစ္ဖက္မွာ လည္း အခက္အခဲေတြ နဲ႔ တစ္ဖက္ကလည္း ေစာင့္ေရွာက္ ေပးရတဲ့ အတြက္ ရတဲ့ ပီတိေတြ နဲ႔ ပဲ ႀကိဳးစား ႐ုန္းကန္ အားေမြးေနရပါတယ္ရွင္…🙏🙏🙏” ဆိုၿပီး ေရးသားေဝမၽွ ေပးထားတာပါ။ စိတ္ထားမြန္ျမတ္ၿပီး လူတကာကို ကူညီခ်င္စိတ္ရွိတဲ့ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝလည္း ကံေကာင္း ျခင္းေတြ အျမဲရရွိ ပိုင္ဆိုင္ နိုင္ပါေစလို႔ ဆုေတာင္းေပး လိုက္ရပါတယ္ေနာ္။

Source and Photo Crd-Khine Hnin Wai’s Facebook Page
Credit…..

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ပရိသတ်တွေ ကြားမှာ ပရဟိတမင်းသမီးအဖြစ် ရေပန်းစား နာမည်ကြီးနေသူတစ်ယောက်ပါ။ အနုပညာ အသိုင်းအဝိုင်းက အခက်အခဲ ဖြစ်နေကြသူများနဲ့ စားဝတ်နေရေး မပြေလည်သူများ ကိုလည်း တတ်နိုင်တဲ့ ဘက်ကနေ ကူညီလှူဒါန်းပေးနေသူပါ။ ခိုင်နှင်းဝေ ရင်သွေး လေးများ ဂေဟာကို တည်ထောင်ထားပြီး ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံ ကူညီ ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လူမမယ်ကလေးငယ်လေး များကိုလည်း နွေးထွေးမှု အပြည့်နဲ့ ခေါ်ယူမွေးစားကာ ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ပရဟိတ သူရဲကောင်းတစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ မွန်မြတ်တဲ့ စိတ်ထားလေးကြောင့်လည်း ပရိသတ်များက လေးစားအားကျနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ခိုင်နှင်းဝေ ရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် စစ်ပြေးရင်း ဆုံးပါးသွားခဲ့သော ပြည်သူ တစ်ဦးရဲ့သားငယ်လေးကို ခေါ်ယူ စောင့်ရှောက်မွေးစား သွားဖို့အတွက် စီစဉ်နေတဲ့ အကြောင်းကို ရေးသားထားတာပါ။

” ဖခင်က တာဝန် မယူဘဲ စွန့်ပစ်ထားပြီး မိခင်က စစ်ပြေးရင်း ဆုံးသွား ခဲ့တဲ့ အတွက် တစ်ယောက်ထဲ ကျန်ခဲ့တဲ့ သားငယ်လေးကို ခေါ်ယူ စောင့်ရှောက်မွေးစား ဖြစ်ပါတယ်ရှင်..ကလေးက (၄၅)ရက် ပြည့်ပြီမို့ လေယာဉ်စီး လို့ရတဲ့အတွက် မနက်ဖြန် လေယာဉ်နဲ့ ရန်ကုန်ကို ရောက်ရှိမှာ ဖြစ်ပါတယ်..တစ်ဖက်မှာ လည်း အခက်အခဲတွေ နဲ့ တစ်ဖက်ကလည်း စောင့်ရှောက် ပေးရတဲ့ အတွက် ရတဲ့ ပီတိတွေ နဲ့ ပဲ ကြိုးစား ရုန်းကန် အားမွေးနေရပါတယ်ရှင်…🙏🙏🙏” ဆိုပြီး ရေးသားဝေမျှ ပေးထားတာပါ။ စိတ်ထားမွန်မြတ်ပြီး လူတကာကို ကူညီချင်စိတ်ရှိတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေလည်း ကံကောင်း ခြင်းတွေ အမြဲရရှိ ပိုင်ဆိုင် နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ရပါတယ်နော်။

Source and Photo Crd-Khine Hnin Wai’s Facebook Page
Credit…..