သရုပ္ေဆာင္ ခိုင္နွင္းေဝကေတာ့ စိတ္ထားေကာင္းျပီး သူတစ္ပါးကို ကူညီလိုစိတ္အျပည့္ရိွသူတစ္ေယာက္ျဖစ္ပါတယ္။ ကိုယ္က်ိဳးနဲ့ အမ်ားအက်ိဳးယွဥ္လာခဲ့ရင္ သူတစ္ပါးအက်ိဳးကိုသာ တက္တက္ၾကြၾကြ ကူညီတတ္တဲ့ ခိုင္နွင္းေဝက ပရဟိတအလုပ္ေတြကို လုပ္ကိုင္သလို မိဘနဲ့အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခြဲခြာလာရတဲ့ ကေလးငယ္ေတြကိုလည္း မိခင္ရင္းသဖြယ္ ေစာင့္ေရွာက္ေနတာပဲ ျဖစ္ပါတယ္။ ခိုင္နွင္းေဝက ျပီးခဲ့တဲ့ရက္ပို္င္းအတြင္းက တာဝန္မယူတဲ့ဖခင္နဲ့ ကိုယ္ဝန္ကို အမ်ိဳးမ်ိဳးဖ်က္ခ်ျပီး လူ့ေလာကထဲေရာက္ရိွလာတဲ့ ရင္ေသြးကို စြန့္ပစ္သြားတဲ့ မိခင္တို့ရဲ့ ကေလးေလးကို ေခၚယူေမြးစားခဲ့တာပဲ ျဖစ္ပါတယ္။

မိခင္ရဲ့ လူမဆန္တဲ့လုပ္ရပ္ေၾကာင့္ ေမြးရာပါေအာက္ေမးရိုးမပါလာခဲ့တဲ့ သားေလးကို ခိုင္နွင္းေဝက ဒီကေန့မွာေတာ့ အထူးကုပါရဂူၾကီးနဲ့ ကုသဖို့ ျပဳလုပ္ေပးခဲ့ေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။ “ဒီေန႔ သားေလးကို အထူးကု ပါရဂူမ်ားန႔ဲ ဆက္သြယ္ပီး လိုအပ္သည္မ်ား ျပဳလုပ္ေပးရန္ က်န္းမာေရး စစ္ေဆးဘို႔ ေဆးရံုသြားျပျဖစ္ခ့ဲပါတယ္..လုပ္စရာေတြက အမ်ားႀကီးမို႔ တခုခ်င္း အဆင့္ဆင့္ လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္..ခုႏွစ္ရက္ သားသမီး အားလံုး သားေလးကို စိတ္မေကာင္းျဖစ္ျပီး ဝိုင္းခ်စ္ေပးတဲ့ အတြက္လဲ ေက်းဇူးတင္ပါတယ္ရွင္..🙏🙏🙏” ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

ခိုင္နွင္းေဝကေတာ့ လူ့ေလာကထဲကို ခ်ိဳ့တဲ့စြာနဲ့ ေရာက္ရိွလာတဲ့ သားေလးကို လူေကာင္းပကတိျဖစ္ေအာင္ ျပဳလုပ္ေပးဖို့ ဆရာဝန္ၾကီးေတြနဲ့ တိုင္ပင္ျပီး ကုသေပးမွာပဲ ျဖစ္ပါတယ္။ သားေလးလည္း အျမန္ဆံုး လူေကာင္းပကတိဘဝကို ေရာက္ရိွပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Khine Hnin Wai’s fb
Credit – Cele Connections

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ စိတ်ထားကောင်းပြီး သူတစ်ပါးကို ကူညီလိုစိတ်အပြည့်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ်ကျိုးနဲ့ အများအကျိုးယှဉ်လာခဲ့ရင် သူတစ်ပါးအကျိုးကိုသာ တက်တက်ကြွကြွ ကူညီတတ်တဲ့ ခိုင်နှင်းဝေက ပရဟိတအလုပ်တွေကို လုပ်ကိုင်သလို မိဘနဲ့အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာလာရတဲ့ ကလေးငယ်တွေကိုလည်း မိခင်ရင်းသဖွယ် စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက ပြီးခဲ့တဲ့ရက်ပို်င်းအတွင်းက တာဝန်မယူတဲ့ဖခင်နဲ့ ကိုယ်ဝန်ကို အမျိုးမျိုးဖျက်ချပြီး လူ့လောကထဲရောက်ရှိလာတဲ့ ရင်သွေးကို စွန့်ပစ်သွားတဲ့ မိခင်တို့ရဲ့ ကလေးလေးကို ခေါ်ယူမွေးစားခဲ့တာပဲ ဖြစ်ပါတယ်။

မိခင်ရဲ့ လူမဆန်တဲ့လုပ်ရပ်ကြောင့် မွေးရာပါအောက်မေးရိုးမပါလာခဲ့တဲ့ သားလေးကို ခိုင်နှင်းဝေက ဒီကနေ့မှာတော့ အထူးကုပါရဂူကြီးနဲ့ ကုသဖို့ ပြုလုပ်ပေးခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။ “ဒီနေ့ သားလေးကို အထူးကု ပါရဂူများနဲ့ ဆက်သွယ်ပီး လိုအပ်သည်များ ပြုလုပ်ပေးရန် ကျန်းမာရေး စစ်ဆေးဘို့ ဆေးရုံသွားပြဖြစ်ခဲ့ပါတယ်..လုပ်စရာတွေက အများကြီးမို့ တခုချင်း အဆင့်ဆင့် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်..ခုနှစ်ရက် သားသမီး အားလုံး သားလေးကို စိတ်မကောင်းဖြစ်ပြီး ဝိုင်းချစ်ပေးတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်ရှင်..🙏🙏🙏” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ လူ့လောကထဲကို ချို့တဲ့စွာနဲ့ ရောက်ရှိလာတဲ့ သားလေးကို လူကောင်းပကတိဖြစ်အောင် ပြုလုပ်ပေးဖို့ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး ကုသပေးမှာပဲ ဖြစ်ပါတယ်။ သားလေးလည်း အမြန်ဆုံး လူကောင်းပကတိဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Khine Hnin Wai’s fb
Credit – Cele Connections