


Credit – Cele Zone

မိဘတွေဟာ သူမငယ်စဉ်ကတည်းက ကွဲကွာသွားကြပေမယ့် မိခင်ကိုရော ဖခင်ကိုပါ ဝတ္တရားမပျက်ဘဲ အမြဲတမ်းစောင့်ရှောက်သလို ဖခင်ရဲ့ဒုတိယဇနီးကိုပါ သူမရှာထားတဲ့ ငွေကြေးနဲ့တတ်နိုင်သလောက်ထောက်ပံ့တတ်တဲ့ စေတနာရှင်လေးနွေးနွေးးချစ်ဖွယ်ဟာ မိဘတွေကိုအရမ်းသိတတ်သူတစ်ယောက်ပါ။ ဖခင်ရဲ့ဒုတိယဇနီးဆုံးပါးသွားတော့လည်း ဖခင်ကိုနှစ်သိမ့်ပေးပြီး အနားမှာအချိန်ကြာကြာရှိနေပေးတတ်ပါတယ်။

မိဘနှစ်ပါးရဲ့ပြန်လည်ဆုံဆည်းမယ့်အချိန်လေးကိုမျှော်လင့်နေပြီး နှစ်ယောက်လုံးအတူတူ ပြန်ပေါင်းနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားပေး ခဲ့ပါတယ်။ မိခင်ကိုလည်း သူမ ကြိုးစားပြီးရှာထားတဲ့ ငွေကြေးတွေနဲ့ တင့်တောင့်တင့်တယ်ဖြစ်အောင်ထောက်ပံ့ပသလို ဖခင်အတွက်လည်း လိုလေးသေးမရှိ ထောင့်စေ့အောင် ဂရုစိုက်တတ်ပါသေးတယ်။

မိခင်များနေ့မှာတော့ အမေ့ခြေရာကိုယူထားတဲ့ပုံရိပ်လေးကို ” အမေ့စကား ခရေစေ့တွင်းကြ နားထောင်နိုင်အောင် ကြိုးစားနေထိုင်ရင်း အပိုတွေသိပ်မပြောတတ်လို့ ချစ်တယ်မေမေ အသက်ရှည်ကျန်းမာ ချမ်းသာပါစေ ကမ္ဘာပေါ်မှာရှိတဲ့ အမေများအားလုံးလည်း အသက်ရှည် ကျန်းမာ ချမ်းသာကြပါစေ ” ဆိုပြီးဝေမျှခဲ့ပါတယ်။ မိဘကိုသိတတ်တဲ့သားသမီးမို့ ဒီထက်မကအများကြီးအောင်မြင်ဦးမှာပါနွေးရေ။ပရိတ်သတ်ကြီးလည်း သာယာသောနေ့လေးကို ပိုင်ဆိုင်နိုင်ပါစေ။

Credit – Cele Zone
Photo – Nway Nway Chit Phwal