


Credit

ချစ်လှစွာသောပရိသတ်ကြီးရေ မော်ဒယ် သန္တာလှိုင် ကတော့လက်ရှိမှာ သူမရဲ့ ကလေးတွေနဲ့အတူ ပြန်လည်တွေ့ဆုံခွင့်ရသွားပါပြီနော်။ ကလေးတွေနဲ့ မတွေ့ရတာ (၂) နှစ်ရှိပြီဖြစ်တဲ့အတွက် အရမ်းကို လွမ်းဆွတ်သတိရနေတာလည်း ဖြစ်ပါတယ်။ ပြည်ပနိုင်ငံကို မထွက်ခွာခင် မြန်မာနိုင်ငံ လေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပေမယ့် ဩစတေးလျနိုင်ငံရဲ့Passport ကိုင်ဆောင်ထားတဲ့အတွက် ပြန်လည်လွတ်မြောက်သွားခဲ့တာ ဖြစ်ပါ တယ်….။

သန္တာလှိုင် ဟာသားနဲ့သမီးကို မြင်တွေ့လိုက်ရချိန်မှာ ပြောမပြတတ်အောင်ကို ကြည်နူးပီတိဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ မကြာသေးခင် သန္တာလှိုင်ရဲ့ Instagram လူမှုကွန်ယက်တွင် ဓာတ်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ မတွေ့ရတာကြာပြီဖြစ်တဲ့ သားလေးအနားကနေ တစ်ဖဝါးမှမခွာဘဲ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖန်တီးနေတဲ့ သန္တာလှိုင် ရဲ့ပုံရိပ်လေးတွေ ဖြစ်ပါတယ်…။

” နေ့မြင်ညပျောက် အခုလိုကြောက်စရာကြီးမှာ ခဏလေးပဲဖြစ်ဖြစ် အတူရှိနေတဲ့ အချိန်တိုင်းကို တန်ဖိုးမဖြတ်နိုင်အောင် အသုံးချမယ်နော်..I’ll Appreciate every moment with my babies “ ဆိုပြီး သန္တာလှိုင်မှရေးသားထားတာဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း သန္တာလှိုင်တို့ မိသားစုလေးကို ချစ်ပေးကြပ ါဦးနော်….။

Credit

Leave a Comment

Your email address will not be published. Required fields are marked *