


Credit-CeleGabar
Source- Htin Thitsar

ပရိသတ်ကြီးရေ ထင်သစ္စာကတော့ ဆယ်ကျော်သက် အမျိုးသားပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အနုပညာမျိုးဆက်သစ်လေးပဲ ဖြစ်ပါတယ်။ ဝါရင့် အကယ်ဒမီသရုပ်ဆောင် မင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့ သမီးလေးပဲ ဖြစ်တဲ့အပြင် အနုပညာခြေလှမ်းတွေစတင်နေပြီလို့ဆိုရမှ ာပါ။

အမေဖြစ်သူ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီးခင်ဇာခြည်ကျော်နဲ့ TikTok လေးတွေ ဆော့ကာ ပရိသတ်တွေအမြဲဝေမျှလေ့ရှိခဲ့ပြီး အခုဆိုရင် မိခင် ခင်ဇာခြည်ကျော်နဲ့အတူ live saleလေးတွေပြုလုပ်ကာ မိခင်နဲ့အတူစီးပွားရေး လုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေသူပါ။ အမျိုးသားပရိသတ် တွေက သူမရဲ့စကားပြောပုံလေးတွေကို သဘောကျကာ သွက်လက်ထက်မြက်လွန်းသူလေးပါပဲနော်။

ဒီနေ့မှာလည်း” မြန်မာဆန်ဆန်လေး”ဆိုတဲ့ပုံရိပ်တွေနဲ့အတူ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ မြန်မာဆန်ဆန်လေးလှကာ ကျက်သရေရှိတဲ့ပုံရိပ်လေးတွေကို ဝေမျှခဲ့တာပါ။ အမေဖြစ်သူရဲ့ လှပချောမောမှုတွေကိုအမွေရရှိထားတဲ့ ထင်သစ္စာရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ပေးလိုက်ပါ တယ်နော်။

Credit-CeleGabar
Source- Htin Thitsar

Leave a Comment

Your email address will not be published.