


Credit

ပရိသတ်ကြီးရေ သရုပ်ဆောင် သိင်္ဂိထွန်းကတော့ သူမကိုယ်တိုင် အပင်ပန်းခံပြီးရှာဖွေထားတဲ့ ငွေကြေးများကိုအရမ်းတန်ဖိုးထားသူတစ်ဦး ဖြစ်ပါတယ်။ ဒီလိုတန်ဖိုးထားပေမယ့်လည်း မိတ်ဆွေတစ်ဦးအား အာမခံပြီး ငွေချေးပေးခဲ့တာကြောင့် သိန်းနှစ်ထောင်ကျော် စိုက်လျော်ပေးခဲ့ရပြီ ဖြစ်ပါတယ်။ မကြာသေးခင်က သိင်္ဂီထွန်းရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ သူမထံမှ သိန်း(၂၀၀၀)ကျော် လိမ်ပြီးရှောင်ပြေးနေသူအား တိကျပြတ်သားလွန်းတဲ့ စကားတစ်ခွန်းဖြင့်စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်ထဲမှာ ရိုက်ကူးမယ့် ဇာတ်လမ်းတွဲ(၂)ကားလုံး လက်လွတ်ခဲ့ရတဲ့အကြောင်းရင်းအား ဝမ်းနည်းစွာဖြင့် ဖွင့်ဟလာခဲ့ပါသေးတယ်။ ” ဂတုံးဆံပင်မရှည်သေးလို့2022.နှစ်စမှာ ရိုက်မဲ့ဇတ်လမ်းတွဲ 2ကားလက်လွတ်လိုက်ပါသည်.

လာမယ်ဆိုပြီးပြောထားလို့စောင့်နေတဲ့နယ်ကမိတ်ဆွေတို့ရေနောက်များမှဆုံတွေ့ကြပါစို့နော်…💕💕သြော်ဒါနဲ့ ကျမအာမခံကောင်းလို့ ငွေ သိန်းနှစ်ထောင်ကျော် သူတစ်ပါးကိုကျမဆိုက်လျော်လိုက်ရတဲ့ငွေပြန်မရသေးလို့ ပေးမဲ့သူအမြန်ပေးချင်လာအောင် ဆုတောင်းပေးကြပါအုံးနော်..🙏🏻ယတြာတွေလဲစုံမေတ္တာပို့ တာလဲမောလှပြီ…” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Credit