အဆိုတော်အဖြစ်သာမက သရုပ်ဆောင်အဖြစ်ပါ လုပ်ကိုင်ပြီး ထွန်းတောက်အောင်မြင်နေတဲ့သူလေးကတော့ ပရိသတ်အချစ်တော် အုပ်စိုးခန့်ပဲ ဖြစ်ပါတယ် ။ဆယ်ကျော်သက်အရွယ်လေးနဲ့တင် အနုပညာလောကမှာနာမည်ရလာတဲ့ အုပ်စိုးခန့်က အခုဆိုရင် မိဘနှစ်ပါးကိုပါ လုပ်ကျွေးပြုစုနိုင်ပြီလည်း ဖြစ်ပါတယ် ။

ဒါ့အပြင်အုပ်စိုးခန့်က သူကိုယ်တိုင်ရှာဖွေထားတဲ့ အနုပညာကြေးလေးတွေနဲ့ပဲ ကိုယ်ပိုင်ကားတစ်စီးကိုဝယ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ် ။အုပ်စိုးခန့်က သီချင်းတွေဆက်လက်ဖန်တီးနေသလို ကြော်ငြာနဲ့ Photo Shooting တွေလည်း ရိုက်ကူးပြီး အခြားအနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

အနုပညာမောင်နှမတွေအားလုံးနဲ့ချစ်ခင်ရင်းနှီးစွာ နေတတ်တဲ့ အုပ်စိုးခန့်က အခုလည်း မင်းသမီးချောလေး အေးမြတ်သူနဲ့အတူ ဗီဒီယိုလေးတွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ အုပ်စိုးခန့်ကတော့ အေးမြတ်သူနဲ့ပွဲတစ်ခုမှာ အတူဆုံတုန်း အပြတ်အသတ်ရိုလွန်းတဲ့ Tik Tok လေးတွေကစားပြခဲ့တာ ဖြစ်ပါတယ် ။အေးမြတ်သူနဲ့ အုပ်စိုးခန့်တို့ကတော့ မောင်လေးနဲ့မမစုံတွဲတွေလိုမျိုး လိုက်ဖက်ညီစွာ သရုပ်ဆောင်ပြခဲ့တာလည်း ဖြစ်ပါတယ် ။

အေးမြတ်သူရဲ့ခါးသေးသေးလေးကိုဖက်ကာ ဟန်ပန်အမူအရာတွေလုပ်ပြထားတဲ့ အုပ်စိုးခန့်ရဲ့ဗီဒီယိုလေးက ကြည့်ရှုသူပရိသတ်တွေအတွက် အရမ်းကိုရင်ခုန်ချင်စရာကောင်းနေတာလည်း ဖြစ်ပါတယ် ။ ချစ်ပရိသတ်တွေအတွက် အုပ်စိုးခန့်နဲ့အေးမြတ်သူတို့ရဲ့Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Credit ;Cele Weekly





Credit ;Cele Weekly

@oaksoekhant451


♬ original sound – Oak Soe Khant