


Source – Aung Min Naing
credit – Myanmarload

ပရိသတ်ကြီးရေ…. ကိုပေါက်ကတော့ အနုပည ာလောကမှာ အကောင်းဆုံ းလျှောက်လှမ်းလာခဲ့ပြီး ကြိုးစားအားထုတ် မှုတွေကြောင့်လည်း အောင်မြင်မှုတွေ ရရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ကြိုးစားမှုတွေကြောင့် ရုပ်ရှင်ဒါရိုက်တာအနေနဲ့ အနုပညာနယ်ပယ်မှာ ရပ်တည်ခဲ့ပြီလည်းဖြစ်ပါတယ်။ ကိုပေါက် ဟာဆိုရင် အမြဲလိုလို ပျော်ပျော်ရွှင်ရွှင် နေတတ်သလို စိတ်သဘောထား ပြည့်ဝပြီး သူတစ်ပါးပေါ်မှာလည်း အမြဲကူညီတတ်တဲ့ သူဖြစ်တာကြောင့် ချစ်ခင်သူတွေ ပေါများနေတာပဲ ဖြစ်ပါတယ်နော်။

ကိုပေါက် က သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးဘဝကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက် ကိုလည်း မွေးဖွားထားပါသေးတယ်။ ဒါ့အပြင် မကြာခဏဆိုသလို ကိုပေါက်က ဟာသ ဗီဒီယိုလေးတွေကို ရိုက်ကူးပြီး ပရိသတ်တွေကို ဖော်ပြပေးပလေ့ရှိပါတယ်နော်။ ယခုမှာလည်း ကိုပေါက်က ပရိသတ်တွေ ရယ်မော်ေ ပျာ်ရွှင်စေဖို့အတွက် အပျင်းအပြေဆော့ကစားထားတဲ့ ဟာသ tik tok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

ဒီ ဗီဒီယိုလေးထဲမှာတော့ ကိုပေါက် မိန်းမတွေက ယောကျာ်းဖြစ်သူတွေကို သက်တဲ့ မှုခင်းသတင်းတွေကို ဖတ်ပြီး ကြောက်ကြောက်နဲ့ ဘက်ထားတဲ့ ငွေတွေကိုတောင် ပြန်ပေးခဲ့တာကို ကြည့်မိသူတိုင်း ရယ်မောသွားအောင် ဟာသရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း ကိုပေါက်က ” စိုက်ကြည့်စရာမလိုပါဘူး အလိုက်သိပါတယ်လို့” ” ဆိုတဲ့ Caption လေးနဲ့ ရေးသားဖော်ပြထားပါသေးတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ရယ်မော ပျော်ရွှင်စေဖို့အတွက် ကိုပေါက် ရဲ့ ဟာသ tik tok ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နေယ်……။

Source – Aung Min Naing
credit – Myanmarload