နိုင္ငံေက်ာ္ရံုသာမကပဲ ကမၻာေက်ာ္တဲ့ မင္းသားေခ်ာ ပိုင္တံခြန္ကေတာ့ ရုပ္ရည္ေခ်ာေမာသလို စိတ္သေဘာထားေကာင္းမြန္ျပည့္စံုသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ စိတ္ထားေကာင္းျပီး ၾကင္နာတတ္တဲ့ ပိုင္တံခြန္ကေတာ့ အရြယ္ေကာင္း ေအာင္ျမင္ေနတဲ့ လူငယ္တစ္ေယာက္ျဖစ္ေပမယ့္ အေပ်ာ္အပါးထက္ အလုပ္ကိုသာ ၾကိဳးစားလုပ္ကိုင္ေနသူျဖစ္ျပီး သူပိုင္ဆိုင္သမွ် ေငြေၾကးေတြကိုလည္း ခ်င့္ခ်င့္ခ်ိန္ခ်ိန္ သံုးစြဲတတ္တာပဲ ျဖစ္ပါတယ္။ လူငယ္ေပမယ့္ ရင့္က်က္တည္ျငိမ္တဲ့ အခ်က္တစ္ခ်က္ကလည္း ပရိသတ္ေတြ ပိုင္တံခြန္ကို အခ်စ္ပိုေစတဲ့ အခ်က္တစ္ခ်က္ပဲ ျဖစ္ပါတယ္။

အသက္ (၂၃) နွစ္အရြယ္သာရိွေသးေပမယ့္ ပိုက္ဆံေတြအမ်ားၾကီးရွာနိုင္ျပီျဖစ္တဲ့ ပိုင္တံခြန္က သူ့ရဲ့မိဘေတြအေပၚမွာလည္း အင္မတန္သိတတ္တဲ့ သားလိမၼာေလးတစ္ေယာက္ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ပိုင္တံခြန္က “ကြ်န္ေတာ္က နည္းနည္းေတာ့ ေလာဘႀကီးတယ္။ မိဘေတြကို ဒီဘဝမွာလည္း ျပည့္စုံေစခ်င္တယ္။ သံသရာမွာလည္း ျပည့္စုံေစခ်င္တယ္။ ဒါက အေဖ နဲ႔ အေမ ရဲ႕ သံသရာ မွာပါမဲ့ ကုသိုလ္ေရးေတြလုပ္ဖို႔အတြက္ က်ြန္ေတာ့္ရဲ႕ လစဥ္ေထာက္ပံ့ေၾကးေငြပါ။မိဘေတြ သက္ရွိထင္ရွားရွိေနတဲ့ခ်ိန္မွာ သူတို႔လက္နဲ႔ သူတို႔ကိုယ္တိုင္လႉဒါန္းလို႔ရေအာင္ပါ”ဆိုျပီး မိဘေတြကို သံသရာမွာပါမယ့္ ကုသိုလ္ေရးေတြျပဳလုပ္နိုင္ဖို့ လစဥ္လတုိင္း ေငြအပံုၾကီးနဲ့ ကန္ေတာ့ျဖစ္တဲ့အေၾကာင္း ေျပာလာပါတယ္။

ပိုင္တံခြန္ကေတာ့ ေငြအေတာ္ရွာနိုင္တဲ့ လူငယ္တစ္ေယာက္ျဖစ္ေပမယ့္ သူကိုယ္တုိင္ အဖိုးတန္ပစၥည္းေတြ အေကာင္းစားပစၥည္းၾကီးေတြ ဝယ္သံုးတာထက္ မိဘေတြအတြက္ကိုသာ ဦးစားေပးသူျဖစ္ျပီး ျပီးခဲ့တဲ့ (၂၀၂၀) ခုနွစ္မွာလည္း မိဘေတြအတြက္ တိုက္တစ္လံုးဝယ္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ မိဘကို သိတတ္တဲ့ ပိုင္တံခြန္တစ္ေယာက္ ဒီထက္မက ေအာင္ျမင္တိုးတက္ၾကီးပြားဦးမွာ ဧကန္မုခ်ပါပဲေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆုိင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Paing Takhon’s fb
Credit – Cele Connections

နိုင်ငံကျော်ရုံသာမကပဲ ကမ္ဘာကျော်တဲ့ မင်းသားချော ပိုင်တံခွန်ကတော့ ရုပ်ရည်ချောမောသလို စိတ်သဘောထားကောင်းမွန်ပြည့်စုံသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့ ပိုင်တံခွန်ကတော့ အရွယ်ကောင်း အောင်မြင်နေတဲ့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် အပျော်အပါးထက် အလုပ်ကိုသာ ကြိုးစားလုပ်ကိုင်နေသူဖြစ်ပြီး သူပိုင်ဆိုင်သမျှ ငွေကြေးတွေကိုလည်း ချင့်ချင့်ချိန်ချိန် သုံးစွဲတတ်တာပဲ ဖြစ်ပါတယ်။ လူငယ်ပေမယ့် ရင့်ကျက်တည်ငြိမ်တဲ့ အချက်တစ်ချက်ကလည်း ပရိသတ်တွေ ပိုင်တံခွန်ကို အချစ်ပိုစေတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။

အသက် (၂၃) နှစ်အရွယ်သာရှိသေးပေမယ့် ပိုက်ဆံတွေအများကြီးရှာနိုင်ပြီဖြစ်တဲ့ ပိုင်တံခွန်က သူ့ရဲ့မိဘတွေအပေါ်မှာလည်း အင်မတန်သိတတ်တဲ့ သားလိမ္မာလေးတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ပိုင်တံခွန်က “ကျွန်တော်က နည်းနည်းတော့ လောဘကြီးတယ်။ မိဘတွေကို ဒီဘဝမှာလည်း ပြည့်စုံစေချင်တယ်။ သံသရာမှာလည်း ပြည့်စုံစေချင်တယ်။ ဒါက အဖေ နဲ့ အမေ ရဲ့ သံသရာ မှာပါမဲ့ ကုသိုလ်ရေးတွေလုပ်ဖို့အတွက် ကျွန်တော့်ရဲ့ လစဉ်ထောက်ပံ့ကြေးငွေပါ။မိဘတွေ သက်ရှိထင်ရှားရှိနေတဲ့ချိန်မှာ သူတို့လက်နဲ့ သူတို့ကိုယ်တိုင်လှူဒါန်းလို့ရအောင်ပါ”ဆိုပြီး မိဘတွေကို သံသရာမှာပါမယ့် ကုသိုလ်ရေးတွေပြုလုပ်နိုင်ဖို့ လစဉ်လတိုင်း ငွေအပုံကြီးနဲ့ ကန်တော့ဖြစ်တဲ့အကြောင်း ပြောလာပါတယ်။

ပိုင်တံခွန်ကတော့ ငွေအတော်ရှာနိုင်တဲ့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် သူကိုယ်တိုင် အဖိုးတန်ပစ္စည်းတွေ အကောင်းစားပစ္စည်းကြီးတွေ ဝယ်သုံးတာထက် မိဘတွေအတွက်ကိုသာ ဦးစားပေးသူဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာလည်း မိဘတွေအတွက် တိုက်တစ်လုံးဝယ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ မိဘကို သိတတ်တဲ့ ပိုင်တံခွန်တစ်ယောက် ဒီထက်မက အောင်မြင်တိုးတက်ကြီးပွားဦးမှာ ဧကန်မုချပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Paing Takhon’s fb
Credit – Cele Connections