Credit– Cele Zone
Photo – Nandar Hlaing
ပရိတ်သတ်ကြီးရေ အိုဇာတာကောင်းဖို့ကိုတော့လူတိုင်းမျှော်လင့်ကြပေမယ့် လူတိုင်းမကောင်းနိုင်ကြပါဘူး။ နန္ဒာလှိုင်တို့မောင်နှမတွေဟာ မိခင်အပေါ်မှာသိတတ်ပြီး အမြဲလိုလို မိခင်စိတ်ချမ်းသာဖို့ကိုပဲ ဦးစားပေးစဉ်းစားပေးခဲ့ကြပါတယ်။ မိခင်ရဲ့ဒူးရင်းခြံကိုလည်း မောင်နှမတွေတက်ညီလက်ညီ ကူညီပေးကြတာကြောင့် မိခင်ကြီးဟာ လိမ္မာတဲ့သားသမီးလေးတွေကို ပိုင်ဆိုင်ထားရသူပါ။
ဒီနေ့ဟာ သူမတို့မိခင်ကြီးရဲ့ အသက် (၇၁) နှစ်ပြည့်မွေးနေ့ဖြစ်ပြီး သားသမီးတွေရဲ့ သိတတ်မှုကြောင့် ကျန်းမာပျော်ရွှင်တဲ့မိခင်ဘဝကို အချိန်အကြာကြီးပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အိမ်ထောင်ကျပြီးတာတောင် မိခင်ကိုမခွဲနိုင်တာကြောင့် အပျိုဘဝတုန်းကနေခဲ့တဲ့ အခန်းလေးမှာပဲ ကလေးသုံးယောက်ရတဲ့အထိ ပျော်ပျော်ရွှင်ရွှင်နေခဲ့တဲ့ နန္ဒာ့ရဲ့သိတတ်မှုက ပြောမကုန်အောင်ပါပဲ။
ချစ်ရတဲ့မိခင်ကြီးရဲ့မွေးနေ့ကိုလည်း ” Happy birthday! မေမေ သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ ” ဆိုပြီး ဆုတောင်းစကားလေးပြောခဲ့ပါသေးတယ်။ Happy Birthday ပါ အန်တီရေ သက်ရှည်ကျန်းမာပြီး ဖြစ်ချင်သမျှဆန္ဒတိုင်း အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ပရိတ်သတ်တွေလည်း သာယာသောနေ့လေးကို ပိုင်ဆိုင်နိုုင်ကြပါစေ။
Credit– Cele Zone
Photo – Nandar Hlaing