


Credit – Cele Zone
Photo – Moe Yu San

လူကြီးမိဘတွေကိုသိတတ်ပြီး ကိုယ်တတ်နိုင်တဲ့ဖက်က တတ်နိုင်သလောက်အားလေးနဲ့ ကူပေးချင်တဲ့စိတ်လေးဟာ မေမေမိုးယုနဲ့ ဖေဖေတို့ရဲ့ ကောင်းမွန်တဲ့အဆုံးအမတွေကြောင့်ပါပဲ။ အော်စတင်လေးဟာ မကြာခင်မှာ မိသားစုထဲကိုရောက်လာတော့မယ့် ညီလေးကိုလည်း အရမ်းကိုမျှော်လင့်နေခဲ့ပါတယ်။ သားနှစ်ယောက်မေမေဖြစ်တော့မယ့် မိုးယုကလည်း ရင်သွေးလေးအတွက် အကောင်းဆုံးဆိုတာတွေပြင်ဆင်နေခဲ့ပါတယ်။

အပြင်စာတွေမစားစေဘဲ အိမ်ချက်လက်ရာလေးတွေနဲ့ ကျန်းမာသန်စွမ်းတဲ့ကလေးလေးဟာ မိဘဘိုးဘွားတွေကိုသိတတ်ပြီး အိမ်အလုပ် ခြံအလုပ်လေးတွေတတ်နိုင်သလောက်ကူပေးရင် မေမေကသဘောတကျနဲ့ မှတ်တမ်းတင်ထားလေ့ရှိပါတယ်။ ဒီနေ့မှာပဲ ခြံထဲကအပင်တွေကို ရေလောင်းပေးနေတဲ့ ချစ်စရာသားလေးရဲ့လှုပ်ရှားမှုတွေကို ဗီဒီယိုမှတ်တမ်းတင်ထားပါသေးတယ်။

ဒီဗီဒီယိုလေးကိုတော့ ” အပင်ရေလောင်း အားကိုးနေရပီသားလေးက ” ဆိုပြီး မေမေမိုးယုကဝေမျှခဲ့ပါတယ်။ ဒီလိုလိမ္မာတဲ့ ကလေးလေး ရထားတော့ မေမေလည်းပျော်သလို မိသားစုတွေအားလုံးလည်းပျော်ရပါတယ်။ ဒီလိုသိတတ်တဲ့သားလေးကို ပရိသတ်တွေကလည်း အချစ်ပိုနေခဲ့ပါတယ်။

Credit – Cele Zone
Photo – Moe Yu San