ပရိသတ္ႀကီးေရ အလႉအတန္း၊အေပးအကမ္း အရမ္းရက္ေရာတဲ့ စမိုင္းလ္ကေတာ့ အခုလိုကာလမ်ိဳးမွာလည္းျပည္သူလူထုအတြက္ တစ္ေထာင့္တစ္ေနရာကေန ပါဝင္ေနတာျဖစ္ပါတယ္။စမိုင္းလ္ တို႔ဇနီးေမာင္ႏွံက ဘယ္အရာမဆိုစိတ္တူကိုယ္တူရွိၾကလို႔ လက္ရွိမွာဆိုရင္ လမ္းမေပၚအတူတူထြက္ၿပီး ရက္ရက္ေရာေရာ အလႉအတန္းေတြလုပ္ေဆာင္ေနၾကတာျဖစ္ပါတယ္ေနာ္။စမိုင္းလ္တို႔ကေတာ့ ျပည္သူေတြအတြက္ အဟာရရွိမယ့္ အစားအေသာက္ေတြနဲ႔ လုံျခဳံေရးကာကြယ္နိုင္မယ့္ ပစၥည္းတခ်ိဳ႕ကို လိုက္လံလႉဒါန္းေနတာျဖစ္ပါတယ္။

စမိုင္းလ္ရဲ့သမီးေလးႏွစ္ေယာက္က လည္း လူငယ္ေတြပီပီ ရဲရင့္ျပတ္သားတဲ့စိတ္ဓာတ္နဲ႔ အျပင္ထြက္ၿပီး လူထုလႈပ္ရွားမႈမွာ ပါဝင္ေနၾကတာျဖစ္ပါတယ္။စမိုင္းလ္ကေတာ့ ဘာသာတရားလည္းကိုင္းရွိုင္းတာေၾကာင့္ တစ္ဖက္တစ္လမ္းကေနလည္း ပဌာန္းရြတ္၊အဓိဌာန္ေတြဝင္ၿပီး နည္းမ်ိဳးစုံနဲ႔ေဆာင္ရြက္ေနတာျဖစ္ပါတယ္ေနာ္။ယခုလတ္တေလာမွာဆိုရင္ အေျခအေနလည္းသိပ္မေကာင္းေတာ့တာျဖစ္လို႔ လူထုလႈပ္ရွားမႈမွာ လူငယ္တခ်ိဳ႕လည္းအသက္ေပးသြားရၿပီျဖစ္ကာ ျပည္သူလူထုကေတာ့ ရင္နင့္စြာခံစားေနၾကရတာျဖစ္ပါတယ္။

စမိုင္းလ္ကေတာ့ က်ဆုံးသြားတဲ့သူရဲ ေကာင္းေတြရဲ့မိသားစုအတြက္လည္း တစ္တပ္တစ္အားေလးပါဝင္လႉဒါန္းဦးမွာျဖစ္ပါတယ္ေနာ္။ျပည္သူလူထုကလည္း အားမေလ်ာ့ၾကေသးဘဲ အၿမိဳ႕ၿမိဳ႕၊အနယ္နယ္မွာ ဆက္လက္ခ်ီတက္ေနၾကဆဲျဖစ္လို႔ ဒီေန႔မွာဆိုရင္ လူငယ္ေတြ ထပ္မံက်ဆုံးသြားခဲ့ရပါတယ္။စမိုင္းလ္က”ကေလးေတြ အခုေသတာကေလးေတြပါရွင္ ေတာ္ၾကပါေတာ့ ထပ္မသတ္ၾကပါနဲ႔ေတာ့ ေတာင္းပန္ပါတယ္မိဘေတြရင္ထဲမွာဘယ္ေလာက္ေတာင္ပူေဆြးေနရမလဲ ေတာ္ၾကပါေတာ့ရွင္”ဆိုၿပီး ဝမ္းနည္းပူေဆြးစြာနဲ႔ ေတာင္းဆိုလာတာျဖစ္ပါတယ္ေနာ္။

Credit ; Celethatin

ပရိသတ်ကြီးရေ အလှူအတန်း၊အပေးအကမ်း အရမ်းရက်ရောတဲ့ စမိုင်းလ်ကတော့ အခုလိုကာလမျိုးမှာလည်းပြည်သူလူထုအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်နေတာဖြစ်ပါတယ်။စမိုင်းလ် တို့ဇနီးမောင်နှံက ဘယ်အရာမဆိုစိတ်တူကိုယ်တူရှိကြလို့ လက်ရှိမှာဆိုရင် လမ်းမပေါ်အတူတူထွက်ပြီး ရက်ရက်ရောရော အလှူအတန်းတွေလုပ်ဆောင်နေကြတာဖြစ်ပါတယ်နော်။စမိုင်းလ်တို့ကတော့ ပြည်သူတွေအတွက် အဟာရရှိမယ့် အစားအသောက်တွေနဲ့ လုံခြုံရေးကာကွယ်နိုင်မယ့် ပစ္စည်းတချို့ကို လိုက်လံလှူဒါန်းနေတာဖြစ်ပါတယ်။

စမိုင်းလ်ရဲ့သမီးလေးနှစ်ယောက်က လည်း လူငယ်တွေပီပီ ရဲရင့်ပြတ်သားတဲ့စိတ်ဓာတ်နဲ့ အပြင်ထွက်ပြီး လူထုလှုပ်ရှားမှုမှာ ပါဝင်နေကြတာဖြစ်ပါတယ်။စမိုင်းလ်ကတော့ ဘာသာတရားလည်းကိုင်းရှိုင်းတာကြောင့် တစ်ဖက်တစ်လမ်းကနေလည်း ပဌာန်းရွတ်၊အဓိဌာန်တွေဝင်ပြီး နည်းမျိုးစုံနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်နော်။ယခုလတ်တလောမှာဆိုရင် အခြေအနေလည်းသိပ်မကောင်းတော့တာဖြစ်လို့ လူထုလှုပ်ရှားမှုမှာ လူငယ်တချို့လည်းအသက်ပေးသွားရပြီဖြစ်ကာ ပြည်သူလူထုကတော့ ရင်နင့်စွာခံစားနေကြရတာဖြစ်ပါတယ်။

စမိုင်းလ်ကတော့ ကျဆုံးသွားတဲ့သူရဲ ကောင်းတွေရဲ့မိသားစုအတွက်လည်း တစ်တပ်တစ်အားလေးပါဝင်လှူဒါန်းဦးမှာဖြစ်ပါတယ်နော်။ပြည်သူလူထုကလည်း အားမလျော့ကြသေးဘဲ အမြို့မြို့၊အနယ်နယ်မှာ ဆက်လက်ချီတက်နေကြဆဲဖြစ်လို့ ဒီနေ့မှာဆိုရင် လူငယ်တွေ ထပ်မံကျဆုံးသွားခဲ့ရပါတယ်။စမိုင်းလ်က”ကလေးတွေ အခုသေတာကလေးတွေပါရှင် တော်ကြပါတော့ ထပ်မသတ်ကြပါနဲ့တော့ တောင်းပန်ပါတယ်မိဘတွေရင်ထဲမှာဘယ်လောက်တောင်ပူဆွေးနေရမလဲ တော်ကြပါတော့ရှင်”ဆိုပြီး ဝမ်းနည်းပူဆွေးစွာနဲ့ တောင်းဆိုလာတာဖြစ်ပါတယ်နော်။

Credit ; Celethatin

Leave a Comment

Your email address will not be published. Required fields are marked *