


Source : Sane let ‘sMy day
Credit – CeleKhitThit

ပရိသတ်ကြီးရေ စိမ်းလဲ့ရတနာကတော့ နေခြည်ဦးရဲ့တစ်ဦးတည်းသော အငယ်ဆုံးညီမလေးပါ။ချစ်စရာကောင်းပြီး အရမ်းကိုချောတဲ့ညီမလေးကိုပိုင်ဆိုင်ထားတဲ့ နေခြည်ဦးကတော့အမြဲ သူမရဲ့ညီမလေးကို ပရိသတ်တွေရှေ့ ပွဲထုတ်လေ့ရှိပါတယ်နော်။ယောကျာ်းလေးပရိသတ်တွေကလည်း စိမ်းလဲ့ရတနာလေးကို အားပေးဝန်းရံနေကြပြီဆိုရင်မှားမယ်မထင်ပါဘူးနော်။

လက်ရှိမှာစိမ်းလဲ့ရတနာကတော့ တက္ကသိုလ်ဝင်စာမေးပွဲကိုပြန်လည်ဖြေကြားဖို့အတွက် စာတွေကိုကြိုးစားသင်ယူနေတဲ့အပြင် အနုပညာခြေလှမ်းတွေကိုလည်း တစ်ဖက်ကနေနိုင်သလောက်လျှောက်လှမ်းနေတာပါ။အမဖြသ်သူချီချီကတော့ အစွမ်းကုန်Supportလုပ်ကယ ညီမလေးကိုလက်တွဲခေါ်နေတာဖြစ်ပြီးစိမ်းလဲ့ကတော့မကြာသေးမီကလည်း ဖုန်းကြော်ငြာတစ်ခုထွက်ရှိခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ အိမ်ထောင်သက် အနှစ်သုံးဆယ်ရှိပြီဖြစ်တဲ့ အဖေနဲ့အမေအတွက် ဂုဏ်ပြုတဲ့အနေနဲ့
မိဘနှစ်ပါးရဲ့မင်္ဂလာဦးကပုံရိပ်ဟောင်းလေးနဲ့အတူ ယခုနှစ်ကျရောက်တဲ့ မင်္ဂလာသက်တမ်း အနှစ်၃ဝအတွက် ညစာစားခဲ့တဲ့မိသားစုပုံရိပ်လေးကိုတင်လာခဲ့တာပါ။ တကယ့်ကိုကျက်သရေရှိကာ ချစ်ခင်နွေးထွေးတဲ့မိဘနှစ်ပါးကိုပိုင်ဆိုင်ထားတဲ့ စိမ်းလဲ့လေးကတော့တကယ့်ကိုကံကောင်းတာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Sane let ‘sMy day
Credit – CeleKhitThit