ပရိသတ္ႀကီးေရ.. သ႐ုပ္ေဆာင္မင္းေမာ္ကြန္းကေတာ့ လက္ရွိအေျခအေနေတြမွာ ျပည္သူေတြနဲ႔အတူ တစ္ေသြးတစ္သားတည္းရပ္တည္ေနၿပီး တာဝန္သိျပည္သူတစ္ေယာက္အေနနဲ႔ လူထုလႈပ္ရွားမႈေတြမွာ အင္တိုက္အားတိုက္ပါဝင္ လုပ္ေဆာင္ေနသူပါ..။ မင္းေမာ္ကြန္းကေတာ့ လမ္းေပၚထြက္လႈပ္ရွားမႈေတြျပဳလုပ္ေနတဲ့အျပင္ လႉဒါန္းမႈေတြမွာ တတ္နိုင္သေလာက္ ျပဳလုပ္ေနၿပီး လူငယ္ေတြကိုလည္း ေဖးမအားေပးရင္း ေတာ္လွန္ေရးႀကီးမွာအဖက္ဖက္ကေန ပါဝင္ေန သူလည္း ျဖစ္ပါတယ္..။

အခုလိုအခ်ိန္မွာ သူ႔အေနနဲ႔ မိသားစုနဲ႔ခြဲခြာၿပီးေန ေနရတာက အသက္ေပးၿပီး တစ္သက္ လုံးခြဲသြားရတဲ့ ျပည္သူေတြထက္စာရင္ ေလးစားရတဲ့ညီငယ္ ညီမငယ္ေတြထက္စာရင္ ဘာမွမေျပာပေလာက္ပါဘူးဆိုၿပီးေတာ့လည္း ခံးစားခ်က္ေတြကို ရင္ဖြင့္ေျပာျပလာပါတယ္..။ လူငယ္ေတြလုပ္ေနတာေတြကလည္း အေထြအထူးေျပာစရာမလိုေအာင္ တကယ့္လက္ေတြ႕ၾကဳံတဲ့အခါမွာ လူငယ္ေတြရဲ့စဥ္းစားပုံ လုပ္ပုံကိုင္ပုံေတြက အရမ္းထက္ျမတ္တဲ့အတြက္ တိုင္ျပည္အတြက္ အရမ္းအားရတယ္ဆိုၿပီးေတာ့ ေျပာျပလာတာ ျဖစ္ပါတယ္..။

ဖိဳခြင္းမႈေတြကလည္း ျပည္သူကိုဘယ္ေလာက္မုန္းတီးၿပီး ဘယ္ေလာက္အၿငိဳးႀကီးလည္းဆိုတာ ျပေနသလို သတ္လိုက္ရင္လည္း သားသမီးအရြယ္ကေလးေတြျဖစ္ၿပီး ရိုးရိုးတန္းတန္းတာဝန္အရ ထမ္းေဆာင္တာမ်ိဳး မဟုတ္ဘဲ အမုန္းတရားေတြပါဝင္ေနတာ သိသာေနတယ္ဆိုၿပီးေတာ့လည္း ေျပာျပထားပါေသးတယ္..။ အေတြ႕အၾကဳံေလးေတြနဲ႔ ေတာ္လွန္ေရးလူငယ္ေတြအေပၚေလးစားမိတဲ့အေၾကာင္းေလးေတြ ေျပာျပထားတဲ့ မင္းေမာ္ကြန္းရဲ့ ဗီဒီယိုဖိုင္ကိုလည္း ပရိသတ္ေတြအားလုံးအတြက္ တင္ဆက္ေပး လိုက္ပါတယ္..။

Credit ; Myanmarload

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းမော်ကွန်းကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သွေးတစ်သားတည်းရပ်တည်နေပြီး တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ လူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင် လုပ်ဆောင်နေသူပါ..။ မင်းမော်ကွန်းကတော့ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေပြုလုပ်နေတဲ့အပြင် လှူဒါန်းမှုတွေမှာ တတ်နိုင်သလောက် ပြုလုပ်နေပြီး လူငယ်တွေကိုလည်း ဖေးမအားပေးရင်း တော်လှန်ရေးကြီးမှာအဖက်ဖက်ကနေ ပါဝင်နေ သူလည်း ဖြစ်ပါတယ်..။

အခုလိုအချိန်မှာ သူ့အနေနဲ့ မိသားစုနဲ့ခွဲခွာပြီးနေ နေရတာက အသက်ပေးပြီး တစ်သက် လုံးခွဲသွားရတဲ့ ပြည်သူတွေထက်စာရင် လေးစားရတဲ့ညီငယ် ညီမငယ်တွေထက်စာရင် ဘာမှမပြောပလောက်ပါဘူးဆိုပြီးတော့လည်း ခံးစားချက်တွေကို ရင်ဖွင့်ပြောပြလာပါတယ်..။ လူငယ်တွေလုပ်နေတာတွေကလည်း အထွေအထူးပြောစရာမလိုအောင် တကယ့်လက်တွေ့ကြုံတဲ့အခါမှာ လူငယ်တွေရဲ့စဉ်းစားပုံ လုပ်ပုံကိုင်ပုံတွေက အရမ်းထက်မြတ်တဲ့အတွက် တိုင်ပြည်အတွက် အရမ်းအားရတယ်ဆိုပြီးတော့ ပြောပြလာတာ ဖြစ်ပါတယ်..။

ဖိုခွင်းမှုတွေကလည်း ပြည်သူကိုဘယ်လောက်မုန်းတီးပြီး ဘယ်လောက်အငြိုးကြီးလည်းဆိုတာ ပြနေသလို သတ်လိုက်ရင်လည်း သားသမီးအရွယ်ကလေးတွေဖြစ်ပြီး ရိုးရိုးတန်းတန်းတာဝန်အရ ထမ်းဆောင်တာမျိုး မဟုတ်ဘဲ အမုန်းတရားတွေပါဝင်နေတာ သိသာနေတယ်ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။ အတွေ့အကြုံလေးတွေနဲ့ တော်လှန်ရေးလူငယ်တွေအပေါ်လေးစားမိတဲ့အကြောင်းလေးတွေ ပြောပြထားတဲ့ မင်းမော်ကွန်းရဲ့ ဗီဒီယိုဖိုင်ကိုလည်း ပရိသတ်တွေအားလုံးအတွက် တင်ဆက်ပေး လိုက်ပါတယ်..။

Credit ; Myanmarload