


Credit :(CeleChitThu)

ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး စိုးပြည့်သဇင်နဲ့အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ စိုးပြည့်သဇင်ကတော့ အနုပညာမျိုးရိုးကနေဆင်းသက်လာပြီး ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်မှုတွေကြောင့် အကယ်ဒမီရွှေတံဆိပ်ဆုကိုရရှိပိုင်ဆိုင်ထားတဲ့သူတစ်ဦးပါပဲနော်။ သူမရဲ့တည်ငြိမ်စွာနေတတ်မှုတွေကြောင့် ပရိသတ်တွေရဲ့အချစ်ကိုအခိုင်အမာရရှိထားသူ ပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ ပြည်တွင်းနိုင်ငံရေးအခြေအနေတွေဖြစ်ပွားမှုတွေကြောင့် အခက်တွေ့နေတဲ့ ပရိသတ်တွေအတွက် စိုးပြည့်သဇင်က”ဒီနေ့…သူတို့လေးတွေကိုထမင်းဘူးလေးတွေဝေပေးခဲ့တယ်…ပင်ပန်းနေကြပေမဲ့…မျှော်လင့်ချက်…ယုံကြည်ချက်အပြည့်နဲ့သူတို့လေးတွေ….စည်းကမ်းရှိကြတဲ့သူတို့လေးတွေ….ကိုယ့်အတွက်ယူပြီးပြီဆိုရင်…မယူတော့ပါဘူးနော်ဆိုပြီး နောက်လူတွေအတွက်ငဲ့သွားတာတွေ…အမှိုက်သိမ်းတဲ့အဖွဲ့ကလည်းစည်းစနစ်တကျ….မောမှာစိုးလို့….ဆာနေမှာစိုးလို့…အအေးဘူးလေးတွေကမ်းနေကြတဲ့စေတနာရှင်တွေလည်းအများကြီး….တို့တွေအားလုံးမှာတူညီတဲ့မျှော်လင့်ချက်တွေယုံကြည်ချက်တွေနဲ့မို့…တို့တွေအားလုံးညီကြမယ်နော်.၁၁.၂.၂၀၂၁”လို့ဆိုပြီး အလှူဒါနပြုလုပ်ခဲ့တဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။

စိုးပြည့်သဇင်ရဲ့ပရိသတ်တွေအပေါ်ထားရှိတဲ့မွန်မြတ်လွန်းတဲ့စိတ်ထားလေးကိုကြည့်ပြီ ကြည်နူးမိမယ်လို့ထင်ပါတယ်။ဖတ်ရှုပေးကြတဲ့ပရိသတ်တွေအားလုံး သာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source. …Soe Pyae Thazin’s Facebook
Credit :(CeleChitThu)