ျမန္မာနိုင္ငံမွာ ေဖေဖာ္ဝါရီလအစထဲကျဖစ္ေပၚေနတဲ့ေႏြဦးေတာ္လွန္ေရးႀကီးဟာဆိုရင္ တစ္ရက္ထက္တစ္ရက္ အရွန္အဟုန္ေကာင္းလာေနဆဲပဲျဖစ္ပါတယ္။ ဒီထဲမွာမွ အႏုပညာေတြအမ်ားအျပားကလည္းျပည္သူေတြနဲ႔အတူရပ္တည္ခဲ့ၾကတာလည္းျဖစ္ပါတယ္။ဒီလိုရပ္တည္ခဲ့လို႔လည္း ထိန္းသိမ္းခံေနရတဲ့ အႏုပညာရွင္ေတြရွိသလို ခုဆိုထပ္ၿပီးၿခိမ္းေျခာက္ခံေနရလို႔ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့အႏုပညာရွင္ေတြလည္း အမ်ားအျပားပါပဲ။

အခုလည္း ခင္လွိုင္တို႔မိသားစုဟာ ဒီေတာ္လွန္ေရးတိုက္ပြဲႀကီးမွာပါဝင္ခဲ့တာေၾကာင့္ ၿခိမ္းေျခာက္ခံေနရမႈေတြရွိေနေၾကာင္း မိသားစုတစ္ေနရာစီ ေရွာင္ကာ ေနေနရၿပီျဖစ္ေၾကာင္း သမီးျဖစ္သူသဇင္ထူးျမင့္ရဲ့အေကာင့္မွာေရးသားေဖာ္ျပလားပါတယ္။” အလႉလုပ္ေနရင္း ဝရမ္းထြက္လာလို႔သဲတို႔မိသားစု တစ္ေယာက္တစ္ေနရာစီ ေရွာင္လိုက္ၾကရပါၿပီ…အႏုပညာရွင္ေတြကို cdmေငြေတြလိမ္ပါတယ္ဆိုတဲ့သတင္းနဲ႔တကြတင္ထားတာေတြေတြ႕ေနပါတယ္…ဝရမ္းေျပးတင္မဟုတ္ ေငြလိမ္သြားတဲ့သူေတြအဆင့္ထိအရွက္ခြဲခံေနရတာ မိုက္ရိုင္းလြန္းတယ္

အေသြးသားထဲထိနာတယ္ေနာ္…ေလာေလာဆယ္မွာေဖေဖေရာအဆင္ေျပပါ့မလားကိုႀကီးတြက္လည္း စိတ္ပူေနရတယ္ ကိုယ္တိုင္လုံျခဳံဖို႔တြက္လည္း ပူရျပန္တယ္ ျပည္သူေတြအားလုံးတြက္ပူပန္ေနရတယ္ တစ္ေယာက္တစ္ေနရာစီနဲ႔ ဘယ္ေတာ့မ်ားမွ မိသားစုေတြျပန္ဆုံခြင့္ရမွာလဲ အေရွ႕ထြက္လို႔မရေပမယ့္လည္း ေနာက္ကြယ္ကေနဆက္ၿပီးအတတ္နိုင္ဆုံးလုပ္သြားမယ္ လႉသြားမယ္ အိမ္ျပန္ခ်င္တဲ့တြက္ အေရးေတာ္ပုံေအာင္ကိုေအာင္ရမယ္” ဆိုတဲ့စာေလးပဲျဖစ္ရာ ပရိသတ္ႀကီးအတြက္ျပန္လည္မၽွေဝေပးရင္း သဲတို႔မိသားစုေလးေဘးကင္းပါေစဆုေတာင္းေပးလိုက္ပါတယ္။

Credit – Cele Zone
Photo – Thazin Htoo Myint

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလအစထဲကဖြစ်ပေါ်နေတဲ့နွေဦးတော်လှန်ရေးကြီးဟာဆိုရင် တစ်ရက်ထက်တစ်ရက် အရှန်အဟုန်ကောင်းလာနေဆဲပဲဖြစ်ပါတယ်။ ဒီထဲမှာမှ အနုပညာတွေအများအပြားကလည်းပြည်သူတွေနဲ့အတူရပ်တည်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီလိုရပ်တည်ခဲ့လို့လည်း ထိန်းသိမ်းခံနေရတဲ့ အနုပညာရှင်တွေရှိသလို ခုဆိုထပ်ပြီးခြိမ်းခြောက်ခံနေရလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့အနုပညာရှင်တွေလည်း အများအပြားပါပဲ။

အခုလည်း ခင်လှိုင်တို့မိသားစုဟာ ဒီတော်လှန်ရေးတိုက်ပွဲကြီးမှာပါဝင်ခဲ့တာကြောင့် ခြိမ်းခြောက်ခံနေရမှုတွေရှိနေကြောင်း မိသားစုတစ်နေရာစီ ရှောင်ကာ နေနေရပြီဖြစ်ကြောင်း သမီးဖြစ်သူသဇင်ထူးမြင့်ရဲ့အကောင့်မှာရေးသားဖော်ပြလားပါတယ်။” အလှူလုပ်နေရင်း ဝရမ်းထွက်လာလို့သဲတို့မိသားစု တစ်ယောက်တစ်နေရာစီ ရှောင်လိုက်ကြရပါပြီ…အနုပညာရှင်တွေကို cdmငွေတွေလိမ်ပါတယ်ဆိုတဲ့သတင်းနဲ့တကွတင်ထားတာတွေတွေ့နေပါတယ်…ဝရမ်းပြေးတင်မဟုတ် ငွေလိမ်သွားတဲ့သူတွေအဆင့်ထိအရှက်ခွဲခံနေရတာ မိုက်ရိုင်းလွန်းတယ်

အသွေးသားထဲထိနာတယ်နော်…လောလောဆယ်မှာဖေဖေရောအဆင်ပြေပါ့မလားကိုကြီးတွက်လည်း စိတ်ပူနေရတယ် ကိုယ်တိုင်လုံခြုံဖို့တွက်လည်း ပူရပြန်တယ် ပြည်သူတွေအားလုံးတွက်ပူပန်နေရတယ် တစ်ယောက်တစ်နေရာစီနဲ့ ဘယ်တော့များမှ မိသားစုတွေပြန်ဆုံခွင့်ရမှာလဲ အရှေ့ထွက်လို့မရပေမယ့်လည်း နောက်ကွယ်ကနေဆက်ပြီးအတတ်နိုင်ဆုံးလုပ်သွားမယ် လှူသွားမယ် အိမ်ပြန်ချင်တဲ့တွက် အရေးတော်ပုံအောင်ကိုအောင်ရမယ်” ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးရင်း သဲတို့မိသားစုလေးဘေးကင်းပါစေဆုတောင်းပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Thazin Htoo Myint

Leave a Comment

Your email address will not be published. Required fields are marked *