Credit :(CeleChitThu)
ပရိတ်သတ်ကြီးရေ ပြုံးလိုက်တိုင်း ချစ်စရာကောင်းလွန်းတဲ့ ပါးချိုင့်လေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်အကယ်ဒမီယွန်းယွန်းနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ယွန်းယွန်းကတော့ ငယ်စဉ်ကလေးဘဝတည်းက အနုပညာလောကထဲသို့ ဝင်ရောက်လာပြီး ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အကယ်ဒမီရွှေတံဆိပ်ဆုကိုလည်းရရှိပိုင်ဆိုင်ထားလျက်ရှိပါတယ်။ သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ အပြောအဆိုလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။
လတ်တလောမှာတော့ ယွန်းယွန်းက Double Datingအစီအစဉ်လေးနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ ပိုမိုချစ်ခင်ရင်းနှီးမှုတွေကို တွေ့ရမှာပါပဲနော်။ သူမတို့ Double Dating အစီအစဉ်လေးထဲက အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ယွန်းယွန်းက”အဲ့လိုတွေတောင်ဂရုစိုက်ပေးကြတာလားဟင် ရင်ထဲမှာ ပိုနွေးနေတာပဲ”လို့ဆိုပြီး ပိုစ့်မတင်ပဲနေလိုက်ချိန်မှာ ဂရုတစိုက်လွမ်းနေကြတဲ့ ပရိသတ်တွေကြောင့် ချစ်မဝဖြစ်နေတာလေးကို လူမှုကွန်ယက်စာမျက်နှာMydayပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။
နွေးထွေးမှုကို ရရှိလို့ ပျော်ရွှင်မဆုံးဖြစ်နေတဲ့ ပုံရိပ်လေးကို ပရိသတ်တွေအတွက်ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ ။
Source…..Yoon Yoon’s Myday
Credit :(CeleChitThu)