ပရိသတ္ၾကီးေရ ခြန္းဆင့္ေနျခည္ကေတာ့ ပရိသတ္ေတြရဲ႕အားေပးခ်စ္ခင္မႈကို အျပည့္အဝရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္ သရုပ္ေဆာင္ မင္းသမီးေခ်ာတစ္လက္ပဲျဖစ္ပါတယ္။ ျပီးခဲ့တဲ့ (၆)လခန္႕ကေတာ့ ခြန္းဆင့္ေနျခည္ကသူရဲ႕ မိသားစုဝင္ေတြအားလံုးကို ဆံုးရွံဳးခဲ့ရျပီး လက္ရွိမွာေတာ့ သူရဲ႕ စိတ္ခံစားမႈအေျခအေနအေၾကာင္းကို အခုလိုပဲသူ႕ရဲ႕လူမႈကြန္ရက္စာမ်က္နွာကေန ရင္ဖြင့္ထားခဲ့ပါ တယ္။

“မိသားစုအားလုံး ဆုံးရႈံးခဲ့ရတဲ့လြန္ခဲ့တဲ့ ၆ လေလာက္က ကြၽန္မစိတ္ေတြအဝီစိထိက်သြားခဲ့တယ္။စိတ္က်သြားတဲ့အတြက္ အဲ့ဒီ့အခ်ိန္တုန္းကကြၽန္မဘက္စုံက်သြားခဲ့တယ္။ အခုကြၽန္မ recover ျပန္ျဖစ္ၿပီ အရင္ကထက္ပိုသန္မာလာတယ္ အခုကြၽန္မေပ်ာ္ေအာင္ျပန္ႀကိဳးစားတာေအာင္ျမင္ခဲ့ၿပီ တခါတေလ မိသားစုကို လြမ္းဆြတ္လို႔ ေၾကကြဲရေပမဲ့ ကြၽန္မ မေသသ၍ ရွင္သန္ဖို႔လိုတယ္ ဒါ့ေၾကာင့္ကြၽန္မေပ်ာ္ေအာင္ျပန္ႀကိဳးစားမွျဖစ္မယ္ဆိုတာကြၽန္မသိ တယ္။

စိတ္ေပ်ာ္ေနမွ အရာရာစြမ္းေဆာင္ႏိုင္တာဆိုေတာ့ မေပ်ာ္ေပ်ာ္ေအာင္သာႀကိဳးစားေပေတာ့ ဘယ္ေလာက္ေၾကကြဲ ပူေဆြးစရာေတြရွိေနပါေစ ကိုယ္အသက္ရွင္ေနေသးသ၍ ကိုယ္ေပ်ာ္ေအာင္ေနမွ ကိုယ့္ဘဝကဆက္ရွင္သန္ႏိုင္မွာပါ။ ေၾကကြဲစရာ ပူေဆြးစရာေတြကို ရင္ဝယ္ ပိုက္ၿပီး အၾကာႀကီးခရီးဆက္ေနမယ္ဆိုရင္ ကိုယ္လည္းရွင္ရက္နဲ႔ေသေနသ လိုပါပဲ။

ဘဝကတိုတိုေလးပါ အရာအားလုံးကခဏေလးေတြပါ။ လူသားအားလုံး ေသမဲ့ရက္ ကိုထိုင္ေစာင့္ရင္း လူျဖစ္ခြင့္ရေနတဲ့အခ်ိန္တိုေလးအတြင္း ဘဝကို မေပ်ာ္လည္းေပ်ာ္ေအာင္သာျဖတ္သန္းၾကပါ။အရာအားလုံးအတြက္ Fighting ” ဆိုျပီး အေကာင္းဆံုး ရပ္တည္ေနနိုင္ခဲ့ျပီျဖစ္တဲ့အေၾကာင္း နဲ႕ ပရိသတ္ေတြလည္း ဘယ္လိုအဆိုေတြပဲၾကံဳေတြ႕ေတြ႕အားတင္းရင္ဆိုင္ျပီး အေကာင္းဆံုးရပ္တည္ဖို႕ အၾကံျပဳထားခဲ့တာပဲျဖစ္ပါ တယ္ ပရိသတ္ၾကီးေရ။

Source – Khunn Sint Nay Chi
Credit – CeleGabar

ပရိသတ်ကြီးရေ ခွန်းဆင့်နေခြည်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၆)လခန့်ကတော့ ခွန်းဆင့်နေခြည်ကသူရဲ့ မိသားစုဝင်တွေအားလုံးကို ဆုံးရှုံးခဲ့ရပြီး လက်ရှိမှာတော့ သူရဲ့ စိတ်ခံစားမှုအခြေအနေအကြောင်းကို အခုလိုပဲသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရင်ဖွင့်ထားခဲ့ပါ တယ်။

“မိသားစုအားလုံး ဆုံးရှုံးခဲ့ရတဲ့လွန်ခဲ့တဲ့ ၆ လလောက်က ကျွန်မစိတ်တွေအဝီစိထိကျသွားခဲ့တယ်။စိတ်ကျသွားတဲ့အတွက် အဲ့ဒီ့အချိန်တုန်းကကျွန်မဘက်စုံကျသွားခဲ့တယ်။ အခုကျွန်မ recover ပြန်ဖြစ်ပြီ အရင်ကထက်ပိုသန်မာလာတယ် အခုကျွန်မပျော်အောင်ပြန်ကြိုးစားတာအောင်မြင်ခဲ့ပြီ တခါတလေ မိသားစုကို လွမ်းဆွတ်လို့ ကြေကွဲရပေမဲ့ ကျွန်မ မသေသ၍ ရှင်သန်ဖို့လိုတယ် ဒါ့ကြောင့်ကျွန်မပျော်အောင်ပြန်ကြိုးစားမှဖြစ်မယ်ဆိုတာကျွန်မသိ တယ်။

စိတ်ပျော်နေမှ အရာရာစွမ်းဆောင်နိုင်တာဆိုတော့ မပျော်ပျော်အောင်သာကြိုးစားပေတော့ ဘယ်လောက်ကြေကွဲ ပူဆွေးစရာတွေရှိနေပါစေ ကိုယ်အသက်ရှင်နေသေးသ၍ ကိုယ်ပျော်အောင်နေမှ ကိုယ့်ဘဝကဆက်ရှင်သန်နိုင်မှာပါ။ ကြေကွဲစရာ ပူဆွေးစရာတွေကို ရင်ဝယ် ပိုက်ပြီး အကြာကြီးခရီးဆက်နေမယ်ဆိုရင် ကိုယ်လည်းရှင်ရက်နဲ့သေနေသ လိုပါပဲ။

ဘဝကတိုတိုလေးပါ အရာအားလုံးကခဏလေးတွေပါ။ လူသားအားလုံး သေမဲ့ရက် ကိုထိုင်စောင့်ရင်း လူဖြစ်ခွင့်ရနေတဲ့အချိန်တိုလေးအတွင်း ဘဝကို မပျော်လည်းပျော်အောင်သာဖြတ်သန်းကြပါ။အရာအားလုံးအတွက် Fighting ” ဆိုပြီး အကောင်းဆုံး ရပ်တည်နေနိုင်ခဲ့ပြီဖြစ်တဲ့အကြောင်း နဲ့ ပရိသတ်တွေလည်း ဘယ်လိုအဆိုတွေပဲကြုံတွေ့တွေ့အားတင်းရင်ဆိုင်ပြီး အကောင်းဆုံးရပ်တည်ဖို့ အကြံပြုထားခဲ့တာပဲဖြစ်ပါ တယ် ပရိသတ်ကြီးရေ။

Source – Khunn Sint Nay Chi
Credit – CeleGabar

Leave a Comment

Your email address will not be published. Required fields are marked *