



လူငယ်ကြိုက် အဆိုတော် တစ်ဦးဖြစ်တဲ့ ကျော်ထွဋ်ဆွေက နှစ်ပေါင်း အတော်ကြာတိုင် ဂီတလောကမှာ အောင်မြင်သူ တစ်ဦးဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေရဲ့ သီချင်းတွေသာမက သူနဲ့ နန်းသူဇာတို့ရဲ့ အချစ်ရေးလေးကလည်း ပရိသတ်တွေ အားကျနေရတဲ့ အရာတစ်ခု ဖြစ်ပါတယ်။လူငယ်အဆိုတော်ပီပီ စကားကြွယ်တဲ့ ကျော်ထွဋ်ဆွေက သူတစ်ခါတစ်ခါပြောတဲ့ စကားတွေကြောင့် ပရိသတ်တွေက သဘောကျနေရတာ ဖြစ်ပါတယ်။ ကျော်ထွဋ်ဆွေက လက်ရှိမှာတော့ အနုပညာအလုပ်တွေရပ်နားထားပြီး အိမ်မှာပဲ အေးအေးဆေးဆေး အနား ယူဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ကျော်ထွဋ်ဆွေက သူ့ရဲ့နေအိမ်မှာဖြစ်ခဲ့တဲ့ ထူးထူးဆန်းဆန်းအရာတစ်ခုကို ပရိသတ်တွေကို ပြသလာ ပါတယ်။ အဲ့ဒါကတော့ ကျော်ထွဋ်ဆွေက သူတို့မိသားစုနေထိုင်ရာ ကွန်ဒိုတိုက်ခန်းထဲကို ဝင်လာတဲ့ မြွေကို ကိုယ်တိုင်ဖမ်းပြီး ဗီဒီယိုလေးရိုက်ပြီး သူ့ရဲ့ ပရိသတ်တွေကို အခုလိုပဲ ပြသလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ကျော်ထွဋ်ဆွေရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ကျော်ထွဋ်ဆွေကတော့ သူတို့မိသားစုနေထိုင်ရာ ကွန်ဒိုတိုက်ခန်းထဲမှာ ဝင်ရောက်လာတဲ့ မြွေကြီးကို ကိုယ်တိုင်ဖမ်းပြီး ပရိသတ်တွေကို ပြလာတာ ကြက်သီးထစရာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Htut Swe’s fb
Credit – Cele Connections