


Source: L Seng Zi’s Fb

ပရိသတ်ကြီးရေ နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်သူ Lဆိုင်းဇီ ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ Lဆိုင်းဇီကတော့ အလွမ်း အဆွေးသီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင် ထားသူ အနုပညာရှင်တစ်ဦးဆိုလည်း မမှားပါဘူးနော်.။

ဂီတနဲ့ပတ်သက်ရင် အရူးအမူးဖြစ်တတ်သူ L ဆိုင်းဇီက သူမရဲ့ အနုပညာလောကက ဂီတ မောင်နှမတွေအပေါ်မှာ အားပေး ချစ်ခင်မှုအပြည့်နဲ့ ကိုယ်တိုင်ပရိသတ်တစ်ယောက်လို အားပေး တတ်သူတစ်ယောက်လည်းဖြစ်ပါသေးတယ်.။ လက်ရှိမှာ သရုပ်ဆောင် မင်းသားဖြစ်သူ မိုးအောင်ရင်ရဲ့ DJသမားတစ် ယောက်အဖြစ် ရပ်တည်တဲ့အပေါ်မှာလည်း Lဆိုင်းဇီက အားပေးမှုတွေနဲ့ရပ် တည်နေသူပါ.။

ဒီကနေ့မှာလည်း Lဆိုင်းဇီက မိုးအောင်ရင်ရဲ့ DJ တီးတဲ့ ပွဲကို သူငယ်ချင်းတွေနဲ့အတူ သွားကာ အားပေးထားတဲ့ ဗီဒီယိုလေး ကို “သူငယ်ချင်းမိုးအောင်ရင်ပွဲ အားပေးအားပေး..© သူငယ်ချင်းတွေစုပြီး… Congratulations Moe Aung Yin ဒါမှ ငါ့ သူငယ်ချင်းပဲကွ…”ဆိုပြီး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ပရိသတ်ကြီးအတွက် လည်း ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါ တယ်.။

Source: L Seng Zi’s Fb

Credit ; Myanmar Celebrities