


Source: Kyaw Min Oo’s fb

နိုင်ငံကျော် မြန်မာ့လက်ရွေ းစင်ဘောလုံးသမား ကျော်မင်းဦးကတော့ မင်းသားတစ်ယောက်လို ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ ကျော်မင်းဦးကတော့ သူ့ရဲ့ ဒူးဒဏ်ရာကြောင့် အချိန်အတော်ကြာ ဘောလုံးလောကကနေ အနားယူခဲ့ပြီး လက်ရှိမှာတော့ ဘောလုံးအားကစားနဲ့ အတူတူ အနုပညာအလုပ်တွေကို သင့်တင့်စွာ အချိန်ပေးလုပ်ကိုင်ေ နလျက်ရှိတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကျော်မင်းဦးက သီချင်း MV နဲ့ ကြော်ငြာအချို့မှာ ပါဝင် သရုပ်ဆောင်ပေးနေတာ ပရိသတ်ကြီးလည်း သတိထားမိကြမယ် ထင်ပါတယ်။

မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ကျော်မင်းဦးက ဒီကနေ့မှာတော့ ဓာတ်ပုံေ လးတစ်ပုံကို ချပြပြီး ပရိသတ်တွေကို အသည်းခွဲသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ကျော်မင်းဦးက မိန်းကလေးတစ်ယောက်နဲ့ လက်ချင်းတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ ဓာတ်ပုံလေးကို သူ့ရဲ့ ဖေ့စ်ဘုတ် My Day ကနေတဆင့် ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ကျော်မင်းဦး ကိုယ်တိုင်တင်ထားတဲ့ ဓာတ်ပုံလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ကျော်မင်းဦးကတော့ မိန်းကလေးတစ်ယောက်နဲ့ လက်ချင်းဆုပ်ကိုင်ထားတဲ့ ဓာတ်ပုံနဲ့ ချစ်သူရှိနေပြီလားထင်ရေ လာက်အောင် ပရိသတ်တွေကို အံ့သြစေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်မင်းဦးရဲ့ ဓာတ်ပုံထဲက လက်ပိုင်ရှင်မိန်းကေ လးကို သိချင်နေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Min Oo’s fb
Credit – Cele Connections