Galaxy Star သီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် ပရိသတ်တွေကြားမှာ လူသိများလာတဲ့ အဆိုတော်တစ်တော်တစ်ယောက်ဖြစ်တဲ့ မီးနိုကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လတ်တလောမှာတော့ မီးနိုတစ်ယောက် ကွယ်လွန်သူ အဆိုတော် မီးမီးခဲနဲ့ပတ်သက်ပြီး ရိုက်ကူးရေး တစ်ခုလုပ်ဖို့စီစဉ်နေတယ်လို့သိရပါတယ် ။

ပရိတ်သတ်ကြီးရေ မီးနိုအခု မမီးမီးခဲ အမှတ်တရသီချင်း ရိုက်ကူးရေးလုပ် မှာဖြစ်ပါတယ်။အဲ့ဒီအတွက် အခုမီးနိုရိုက်ပြထားသလိုမျိုး ပရိသတ်ကြီးကိုယ်တိုင်ရိုက်ထားတဲ့ ပုံလေးတွေ ကို ဒီ Comment အောက်မှာ မန့်ပေးကြစေချင်ပါတယ် ဆိုတဲ့ စာသားလေးနဲ့အတူ RIP မီးမီးခဲ ၊ We Miss You ၊ See You Again MMK ၊ We Love You Mee Mee Khal ဆိုတဲ့စာသားလေးတွေနဲ့ ပုံလေးတွေ ကို ရိုက်ကူးပေးဖို့ လူမှုကွန်ရက်စ ာမျက်နှာကနေတဆင့် ပရိသတ်တွေကို တောင်းဆိုခဲ့ပါတယ် ။

ပို့ပေးတဲ့ပုံလေးတွေကို Music Video ထဲမှာ အသုံးပြုသွားမှာဖြစ်ပြီး မမီးမီးခဲကိုချစ်ပြီး မီးနိုကိုလဲချစ် တယ်ဆိုရင် ကူညီရိုက်ပို့ပေးကြပါဦးလို့ပရိသတ်တွေကို အကူညီတောင်းခံခဲ့တာဖြစ်ပါတယ် ။ မီးမီးခဲ နဲ့ မီးနိုကို ချစ်တဲ့ ပရိသတ်ကြီးကလည်း ကူညီပေးလိုက်ကြပါဦးနော် .


