


Credit – Cele Zone
Photo – Mayla Melody

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မေလသံစဉ်ကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း ကိုယ်တိုင်ပါဝင်နေတာဖြစ်သလို ပါဝင်နေကြတဲ့ ပြည်သူတွေကိုလည်း စားစရာတွေလှူဒါန်းလေ့ရှိတာကြောင့် အားလုံးကလေးစား သဘောကျနေတာလည်းပါတယ်။

တစ်နေ့ထက်တစ်နေ့ အရှိန်ဟုန်ပြင်းလာတဲ့လူထုလှုပ်ရှားမှုကြီးဟာအခုဆိုရင်အခက်အခဲအန္တရာယ်တွေရှိနေခဲ့ပေမယ့် အားလုံးကလက်မလျော့ဘဲ ဆက်လက်တိုက်ပွဲဝင်နေကြတာလည်းဖြစ်ပါတယ်။ပြည်သူလူထုကော အနုပညာရှင်များကလည်း ရရာနေရာကနေအကူအညီတွေမျိုးစုံပေးကာ လူသားအချင်းချင်းကူညီစောင့်ရှောက်လျက်ရှိတာလည်းဖြစ်ပါတယ်။

အခုလည်း မေလတစ်ယောက် မီးရထားဝင်းထဲက ဝန်ထမ်းတွေကိုအစားအသောက်များစွာ ကိုယ်တိုင်သွားရောက်ကာ လှူဒါန်းမှုများပြုလုပ်ခဲ့ပြန်ပါတယ်။ပုံလေးတွေကြည့်ပြီးလေးစားမိတာကြောင့် ပရိသတ်ကြီးလည်းမေလကိုဂုဏ်ပြုပေးလိုက်ပါအူးနော်။

Credit – Cele Zone
Photo – Mayla Melody

Leave a Comment

Your email address will not be published. Required fields are marked *