ၿပီးခဲ့တဲ့ ရက္ပိုင္းက အၾကမ္းဖက္မီးရႈိ႕ဖ်က္စီးမႈေတြေၾကာင့္ တစ္႐ြာလုံးမီးေလာင္ျပာက်ခဲ့ရတဲ့ ကင္းမ႐ြာကေတာ့ လက္ရွိအေျခအေနေတြမွာ အကူအညီေတြ ေတာ္ေတာ္မ်ားမ်ား လိုအပ္ေန တာ ျဖစ္ပါတယ္..။

ျပည္သူေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ေတြ ဆုံးရႈံးခဲ့ရတာေၾကာင့္ ပရဟိတအဖြဲ႕အစည္းေတြနဲ႔ ေစတနာရွင္ေတြက အကူအညီေပးႏိုင္ဖို႔လုပ္ေဆာင္ေနၾကၿပီး အဆိုေတာ္ထူးအယ္လင္းကလည္း သူ႔ရဲ႕အဖြဲ႕သားေတြနဲ႔အတူ ကင္းမ႐ြာကို ကိုယ္တိုင္သြားေရာက္ခဲ့ပါတယ္..။

ထူးအယ္လင္းဟာ မီးေလာင္ထားတဲ့ ႐ြာရဲ႕အေျခအေနေတြကို အခက္အခဲေတြၾကားက ကိုယ္တိုင္ကိုယ္က် သြားေရာက္ၾကည့္ရႈ႕ရင္း ေဒသခံျပည္သူေတြအတြက္ လိုအပ္တာေတြ ေဖးမကူညီ လႉဒါန္းခဲ့တာ ျဖစ္ပါတယ္..။

စားနပ္ရိကၡာေတြနဲ႔ အျခားလိုအပ္တာေတြ လႉဒါန္းရင္း အၾကမ္းဖက္မႈေတြေၾကာင့္ ျပည္သူေတြ ႀကဳံေတြ႕ခံစားေနရတဲ့ ဒုကၡဆင္းရဲေတြအျမန္ဆုံးၿငိမ္းေအး အဆင္ေျပေစဖို႔ကိုလည္း စိတ္မေကာင္းစြာ ဆုေတာင္းေပးထားပါေသးတယ္..။

“အျမန္အဆင္ေျပၾကပါေစဗ်ာ ပံ့ပိုးကူညီၾကတဲ့ ခုႏွစ္ရက္သားသမီး ရာဟုသားသမီးအပါ အလႈရွင္မ်ား၏ ေကာင္းမႈကိုသာဓုေခၚဆို ကုသိုလ္အမွ်ရၾကပါေစ သာဓု သာဓုသာဓု ၁၉.၆.၂၀၂၁(စေနေန႔)..” ဆိုၿပီး အလႉပုံရိပ္ေတြကို ထူးအယ္လင္းက ျပန္လည္ေဝမွ်ထားတာ ျဖစ္ပါတယ္..။

အခုလို အဘက္ဘက္ကေန အကူအညီေတြမ်ားစြာ လိုအပ္ေနတဲ့ ကင္းမ႐ြာျပည္သူေတြအတြက္ ကိုယ္တိုင္ကိုယ္က် သြားေရာက္အားေပးရင္း ေဖးမကူညီခဲ့တဲ့ ထူးအယ္လင္းတို႔ ေစတနာရွင္ေတြရဲ႕ အလႉေတြကေတာ့ တကယ္ကို ခ်ီးက်ဴးသာဓုေခၚစရာ ေကာင္းလွပါ တယ္..။

Unicode

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီရဲ့ အကြမ်းဖက်မီးရှို့ဖျက်စီးမှုတွေကြောင့် တစ်ရွာလုံးမီးလောင်ပြာကျခဲ့ရတဲ့ ကင်းမရွာကတော့ လက်ရှိအခြေအနေတွေမှာ အကူအညီတွေ တော်တော်များများ လိုအပ်နေတာ ဖြစ်ပါတယ်..။

ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ရတာကြောင့် ပရဟိတအဖွဲ့အစည်းတွေနဲ့ စေတနာရှင်တွေက အကူအညီပေးနိုင်ဖို့လုပ်ဆောင်နေကြပြီး အဆိုတော်ထူးအယ်လင်းကလည်း သူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ကင်းမရွာကို ကိုယ်တိုင်သွားရောက်ခဲ့ပါတယ်..။

ထူးအယ်လင်းဟာ မီးလောင်ထားတဲ့ ရွာရဲ့အခြေအနေတွေကို အခက်အခဲတွေကြားက ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှု့ရင်း ဒေသခံပြည်သူတွေအတွက် လိုအပ်တာတွေ ဖေးမကူညီ လှူဒါန်းခဲ့တာ ဖြစ်ပါ တယ်..။

စားနပ်ရိက္ခာတွေနဲ့ အခြားလိုအပ်တာတွေ လှူဒါန်းရင်း အကြမ်းဖက်မှုတွေကြောင့် ပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေအမြန်ဆုံးငြိမ်းအေး အဆင်ပြေစေဖို့ကိုလည်း စိတ်မကောင်းစွာ ဆုတောင်းပေးထားပါသေး တယ်..။

“အမြန်အဆင်ပြေကြပါစေဗျာ🙏 ပံ့ပိုးကူညီကြတဲ့ ခုနှစ်ရက်သားသမီး ရာဟုသားသမီးအပါ အလှုရှင်များ၏ ကောင်းမှုကိုသာဓုခေါ်ဆို ကုသိုလ်အမျှရကြပါစေ🙏သာဓု သာဓုသာဓု🙏🙏🙏 ၁၉.၆.၂၀၂၁(စနေနေ့)..” ဆိုပြီး အလှူပုံရိပ်တွေကို ထူးအယ်လင်းက ပြန်လည်ဝေမျှထားတာ ဖြစ်ပါ တယ်..။

အခုလို အဘက်ဘက်ကနေ အကူအညီတွေများစွာ လိုအပ်နေတဲ့ ကင်းမရွာပြည်သူတွေအတွက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးရင်း ဖေးမကူညီခဲ့တဲ့ ထူးအယ်လင်းတို့ စေတနာရှင်တွေရဲ့ အလှူတွေကတော့ တကယ်ကို ချီးကျူးသာဓုခေါ်စရာ ကောင်းလှပါတယ်..။

Credit