


Credit – Cele Zone

ပရိတ်သတ်ကြီးရေ Ah boy နဲ့ မြတ်ရတနာကျော်တို့မိသားစုလေးဟာ သမီးလေးစကားလက်ရောက်လာပြီး နောက်ပိုင်း ပိုပြီးသာယာပျော်ရွှင်လာခဲ့ပါ တယ်။ အခုလည်း နောက်ထပ်ဆည်းလည်းလေး ထပ်ပြီးရောက်လာတော့မှာမို့ အပျော်တွေအတိုင်းအဆမရှိဖြစ်နေခဲ့ပါပြီ။ စကားလက်လေး ကလည်း နောက်ထပ်ရောက်လာမယ့် အငယ်လေးအတွက် ပျော်နေတဲ့ပုံလေးကို မေမေက အမိအရဓာတ်ဖမ်းပေးခဲ့ ပါတယ်။

ချစ်သမီးလေးက (၃) နှစ်ပြည့်တော့မှာမို့ ဒုတိယရင်သွေးလေးကိုလည်း ယူခဲ့ကြပြီး မိသားစုလေး ပိုပြီးသိုက်သိုက်ဝန်းဝန်းဖြစ်အောင် ဖန်တီးခဲ့ကြပါတယ်။ ဒုတိယရင်သွေးလေး ကလည်း ဘယ်လောက်တောင်ချစ်ဖို့ကောင်းပြီး မိသားစုတွေရဲ့အချစ်ကိုရော ပရိသတ်တွေ ရဲ့အသည်းကိုပါ သိမ်းပိုက်နိုင်မလဲဆိုတာ အခုကတည်းကရင်ခုန်နေကြပါပြီ။

ချစ်သမီးလေးစကားလက်တစ်ယောက် အပျော်ကြီးပျော်နေတဲ့ပုံလေးကို ” အသဲလေးကနေ အသဲကြီးရာထူးတိုးတော့မှာမို့ အလွန်တရာပျော်နေသော မမ Scarlett ” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ အသည်းယားစရာပုံလေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းနေ တဲ့ စကားလက်လေးရဲ့ ပုံလေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Scarlett Phyo Tun