



Credit…..

ပရိသတ်ကြီးရေ.. ပြေတီဦးနဲ့ အိန္ဒြာကျော်တို့ ဇနီးမောင်နှံ ကတော့ အနုပညာလောက မှာ ထိပ်တန်းကနေအောင်မြင်နေကြသလို ဇာတ်ပို့သရုပ်ဆောင်တွေဖြစ်ကြတဲ့ အေးသီတာနဲ့ အိအိတုန်တို့ကလည်း ပရိသတ်အခိုင်အမာနဲ့ အားလုံးရဲ့ချစ်ခင်အားပေးမှုတွေ ရရှိထားကြသူတွေပါပဲ..။လူထုလှုပ်ရှားမှုတွေကိုတက်ကြွစွာ ပြုလုပ်ခဲ့တဲ့ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ လက်ရှိမှာ ပုဒ်မ ၅၀၅ က ဖြင့် အရေးယူထိန်းသိမ်းခံထားရပြီး ဇနီးမောင်နှံအတွက် ပရိသတ်တွေအပြင်အနုပညာရှင်တွေကလည်း စိတ်မကောင်းဖြစ်နေကြတာပါ..။

အေးသီတာနဲ့ အိအိတုန်တို့ကတော့ မကြာခင်မှာ မွေးနေ့ ကျရောက်တော့မယ့် အိန္ဒြာကျော်ဇင်အတွက် သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေ တစ်ဆင့် မွေးနေ့အကြို ဆုတောင်းစကားတွေ ပြောပေးထားကြတာ တွေ့ရပါတယ်..။ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ထိန်းသိမ်းခံထားရတဲ့ အူဝဲတို့ ဇနီးမောင်နှံကို မိသားစုတွေနဲ့ အမြန်ဆုံးပြန်ဆုံစေဖို့ ဆုမွန်ကောင်းတောင်းထားကြတာဖြစ်ပြီး အားလုံးကလည်း စိတ်မကောင်းဖြစ်နေကြတာလည်း ဖြစ်ပါတယ်..။

“မနက်ဖန်ဆိုချစ်ရတဲ့အမအူဝဲရဲ့ မွေးနေ့လေး မိသားစုတွေအမြန်ဆုံးပြန်ဆုံတွေ့နိုင်ပါစေ🙏🙏🙏.” ဆိုပြီးတော့ အိအိတုန်က မွေးနေ့အကြိုအဖြစ် ရေးသားဆုတောင်းထားသလို အေးသီတာကလည်း “ပျော်ရွှင်စရာမွေးနေ့လေးမှာ မိသားစုပြန်ဆုံကြရပါစေအွဲရေ😍🥰😘..” ဆိုကာ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ မွေးနေ့အကြို ဆုတောင်းစကားဆိုထားတာ ဖြစ်ပါတယ်..။သူမတို့နှစ်ယောက်စလုံးရဲ့ ပို့စ်တွေအောက်မှာတော့ ပရိသတ်တွေကလည်း ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံအတွက် ဆုတောင်းစကားတွေနဲ့ မှတ်ချက်ပေး ရေးသားထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Ei Tone’s Fb Acc

Credit…..