


Credit – Cele Zone


ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာ ရရှိထားတဲ့ မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းက ဇာတ်ကားတွေရိုက်ကူးခဲ့သလို တေးသီချင်းတွေလည်း သီဆိုပြီး အနုပညာအလုပ်တွေကို နှစ်အတော်ကြာအောင် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ ပရိသတ်တွေကလည်း သူမကို ချစ်ကြလို့ ယနေ့အထိ အားပေး ချစ်ခင်နေကြ ဆဲပါ ။

လတ်တလောမှာတော့ ကိုဗစ်ကပ်ရောဂါဆိုးကြီးနဲ့ ရုတ်တရက် ခွဲခွာသွားတဲ့ ခင်ပွန်းအတွက် နန်းမြတ်က ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေရတာပါ ။ ခင်ပွန်းဖြစ်သူ လောကကြီးမှာ မရှိတော့ပေမယ့်လည်း သားနဲ့သမီးကိုအစစအရာရာ ဂရုစိုက်ရင်း နေထိုင်သွားမှာဖြစ်ကြောင်း ကိုလည်း အမြဲပြောလေ့ရှိတာကြောင့် အားလုံးက လေးစားနေကြ တာပါ ။

အခုလည်း ခင်ပွန်းဖြစ်သူနဲ့ ပတ်သက်ပြီး သူမ ဝမ်းနည်း စိတ်မကောင်း ဖြစ်နေချိန်တိုင်း သားဖြစ်သူက သိတတ်စွာ အားပေး စကားတွေပြောလာပုံကို ခုလိုဖော်ပြလာပါတယ် ။ ” အရမ်းသိတတ်လိမ္မာတဲ့သားလေးအမေငိုရင် ဖေဖေ့ကိုလွမ်းလို့လားမေမေ လို့မေးတတ်တယ် ပီးရင်မငို့နဲ့နော် တိတ်တိတ်လို့လဲချော့တတ်တယ် ညတိုင်းလဲဂျက်ဂျက်ဖေဖေရောလို့မေးတတ်တယ် ဖေဖေကနေမကောင်းလို့ပြန်လာလို့မရတော့ဘူးလို့ပြောရင် ဖေဖေ့ကိုဆေးရုံကားကြီးနဲ့ခေါ်သွားတာလားမေမေလို ့ပြန်ပြောတတ်တယ် ဒါကညတိုင်းပြောနေကျ မနေ့ညကတော့ ထူးထူးဆန်းဆန်းပြောတယ် မေမေ! ဖေဖေနဲ့လိုက်မသွားနဲ့နော် ဂျက်ဂျက်နဲ့နေခဲ့နော်လို့ပြောရှာတယ် ရင်ထဲမှာပြောမပြတတ်အောင်ဝမ်းနည်းခံစားရတယ် တဖက်မှာလဲမပြည့်စုံနိုင်ဖူးဆိုတာ သိပေမယ့်သူ့အဖေရှိတုန်းကလိုပြည့်စုံအောင်ကြိုးစားပီးထားရမယ် ငါကျန်းမာမှအသက်ရှည်မှဖြစ်မယ်လို့စဉ်းစားမိတယ် မေမေ့သားကြီးလေး သန်မာကြံ့ခိုင်တဲ့သားလေးဖြစ်ပါစေသားရယ်” ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန် လည်ဖော်ပြပေးလိုက်ပါ တယ် ။

Credit – Cele Zone

Source – Nann Myat Phyo Thinn

Leave a Comment

Your email address will not be published. Required fields are marked *