မင္းသားေခ်ာ ျမင့္ျမတ္ကေတာ့ ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာ က်ရာဇာတ္ရုပ္အေပၚ အေကာင္းဆံုးသရုပ္ေဆာင္တတ္တာေၾကာင့္ အျမိဳ့ျမိဳ့ အနယ္နယ္က ပရိသတ္ေတြရဲ့ အားေပးမႈကို အမ်ားဆံုးရရိွပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။ အကယ္ဒမီဆုၾကီးတစ္ခုကို လက္ဝယ္ပိုင္ဆိုင္ထားတဲ့ ျမင့္ျမတ္က ျပီးခဲ့တဲ့လက ျပင္ဦးလြင္ျမိဳ့မွာ ရုပ္ရွင္ရိုက္ကူးလ်က္ရိွေနတာျဖစ္ျပီး လက္ရိွမွာေတာ့ သူ့ရဲ့ဇနီး ဇာတိေျမ မႏၱေလးျမိဳ့ကို ေရာက္ရိွေနတာပဲ ျဖစ္ပါတယ္။

လက္ရိွမွာ အနုပညာအလုပ္ေတြကို ရပ္နားထားတဲ့ ျမင့္ျမတ္က ျပည္သူထဲက ျပည္သူတစ္ေယာက္အျဖစ္နဲ့ လက္ရိွျမန္မာနိုင္ငံအေရးအတြက္ ဆႏၵထုတ္ေဖာ္ေနတာ ျဖစ္ပါတယ္။ မေန့က ေဖေဖာ္ဝါရီလ (၂၂) ရက္ေန့မွာေတာ့ ျမင့္ျမတ္က မႏၱေလးျမိဳ့က ျပည္သူေတြနဲ့အတူတူ ပါဝင္ရင္း ဆႏၵေဖာ္ထုတ္ရင္း “22222 ျမန္မာျပည္သူ ျပည္သားမ်ား လက္တြဲညီစြာ ျပလိုက္တဲ့ေန႔ (22-2-2021)” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ အမွတ္တရမွ်ေဝလာပါတယ္။

ျမင့္ျမတ္ကေတာ့ ျမန္မာျပည္ၾကီးမွာေနထိုင္တဲ့ ျပည္သူတစ္ေယာက္အေနနဲ့ တရားမွ်တမႈရိွေရးအတြက္ ပါဝင္ဆႏၵထုတ္ေဖာ္ခဲ့တာ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုကၸါတယ္ေနာ္။

Source: Myint Myat’s fb
Credit – Cele Connections

မင်းသားချော မြင့်မြတ်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်အပေါ် အကောင်းဆုံးသရုပ်ဆောင်တတ်တာကြောင့် အမြို့မြို့ အနယ်နယ်က ပရိသတ်တွေရဲ့ အားပေးမှုကို အများဆုံးရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ အကယ်ဒမီဆုကြီးတစ်ခုကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ မြင့်မြတ်က ပြီးခဲ့တဲ့လက ပြင်ဦးလွင်မြို့မှာ ရုပ်ရှင်ရိုက်ကူးလျက်ရှိနေတာဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ဇနီး ဇာတိမြေ မန္တလေးမြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ မြင့်မြတ်က ပြည်သူထဲက ပြည်သူတစ်ယောက်အဖြစ်နဲ့ လက်ရှိမြန်မာနိုင်ငံအရေးအတွက် ဆန္ဒထုတ်ဖော်နေတာ ဖြစ်ပါတယ်။ မနေ့က ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှာတော့ မြင့်မြတ်က မန္တလေးမြို့က ပြည်သူတွေနဲ့အတူတူ ပါဝင်ရင်း ဆန္ဒဖော်ထုတ်ရင်း “22222 မြန်မာပြည်သူ ပြည်သားများ လက်တွဲညီစွာ ပြလိုက်တဲ့နေ့ (22-2-2021)” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အမှတ်တရမျှဝေလာပါတယ်။

မြင့်မြတ်ကတော့ မြန်မာပြည်ကြီးမှာနေထိုင်တဲ့ ပြည်သူတစ်ယောက်အနေနဲ့ တရားမျှတမှုရှိရေးအတွက် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Myint Myat’s fb
Credit – Cele Connections

Leave a Comment

Your email address will not be published. Required fields are marked *