


Crd…

ဖြူစင်တဲ့ပရဟိတနှလုံးသာလေးကို ပိုင်ဆိုင်ထားပြီးတော့ ပရိသတ်တွေအားလုံး လေးစားချစ်ခင်နေရတဲ့ ခိုင်နှင်းဝေဆိုတာ ဒိတ်ဒိတ်ကြဲမင်းသမီးလေးတစ်လက်ပါပဲနော်။ အခုအချိန်မှာဆိုရင်သူမဟာ လူမှုကူညီရေးပရဟိတလေးတွေတင်သာမက မိဘမဲ့ ကလေးလေးတွေအတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာတွေနဲ့ စွမ်းသလောက်စောင့်ရှောက်မှုတွေပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

ယမန်နေ့က မန္တလေးမှာ ကြွေလွင့်ခဲ့ရတဲ့ ပြည်သူတစ်ဦးဟာ Single mom ဖြစ်တယ်လို့ သိရပါတယ်။ဒါကြောင့်ပဲ ခိုင်နှင်းဝေကလူ့လောကအလယ်မှာတစ်ယောက်ထဲကျန်ခဲ့တဲ့ အရွယ်မရောက်သေးတဲ့ လူမမယ်ခလေးလေးကိုစောင့်ရှောက်ဖို့ အပူတပြင်းရှာဖွေအကူညီတောင်းနေတာတွေ့ရပါတယ်။

ခလေးငယ်လေးကို ခေါ်ယူစောင့်ရှောက်ချင်ကြောင်းကို သူမက “မန္တလေးမှာ ပစ်ခံရလို့ သေဆုံးသွားတဲ့ အမကြီးရဲ့ သားလေး တစ်ယောက်ထဲ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်..ကျမ မွေးစားချင်ပါတယ်..ကူညီ ဆက်သွယ်ပေးကြပါရှင်…🙏🙏🙏…Phone..09 -793841108-09 -793841165 “ဆိုတဲ့ အကူညီတောင်းစာနဲ့အတူတင်ထားတာတွေ့ရပါတယ်။ ပရိတ်သတ်ကြီးရေ ဂုဏ်ယူစရာကိစ္စလေးမို့ ကူညီလိုက်ပါဦးနော်။

Crd…