


Credit…..

ပရိသတ်ကြီးရေ အဆိုတော် Oasixကတော့မတ်လ (၂၉)ရက်နေ့မှာ မန္တလေးမြို့ ပြည်ကြီးတံခွန်က မီးဘေးသင့်တဲ့ နေရာထံ သွ ားရောက်ပြီး ပြည်သူ တွေနဲ့အတူ ပူးပေါင်းကာ လိုအပ်တာတွေကို လှူဒါန်းခဲ့ပါတယ် ။ အလှူငွေကျပ် (၂၄၀၀၀၀) ကျပ်အပြင် ဆန် ၊ဆီ ၊ဆား ၊စောင် ခြင်ထောင် ၊ခေါင်းအုံး ၊အဝတ်အထည် မျိုးစုံ ခေါက်ဆွဲခြောက်နဲ့ လူအသုံး အဆောင်တွေကို လှူဒါန်းခဲ့ တာပဲ ဖြစ်ပါတယ် ။

အလှူပစ္စည်း တွေက အရမ်းများ တာကြောင့် (၃)ခေါက်တိတိ ခွဲသယ်ခဲ့ရတဲ့ အကြောင်းကိုလည်း သူရဲ့ Facebook Account မှာ ရေးသားမျှဝေလာ ခဲ့တာပဲ ဖြစ်ပါတယ် ။ စေတနာသဒ္ဓါတရား ထက်သန်စွာ လှူဒါန်းခဲ့တဲ့ သူရဲ့ ပုံရိပ်တွေအပြင် အခုလို လှူဒါန်းရတဲ့ အကျိုးကြောင့် မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းမှု အစစ်အ​မှန် ရရှိပါစေဆိုပြီး ဆုတောင်းခဲ့ ပါသေးတယ် ။

ဒါ့အပြင် သူလို့ လှူဒါန်းချင်တဲ့ နောက်ထပ်အလှူရှင် တွေအတွက်လည်း သူတို့ဆီမှာ အဝတ် အစားတွေက အဆင်ပြေနေပြီမို့ ဖြစ်နိုင်ရင် လူအသုံး အဆောင်တွေရယ် အိမ်ပြန်ဆောက်ဖို့ သစ်သားတို့ ငွေကြေးတို့ အဓိကလိုပါတယ်ဆိုပြီး ပြောပြလာခဲ့ပါတယ် ။ အခုလို လိုအပ်နေတဲ့ နေရာတွေမှာ သွားရောက် လှူဒါန်းခဲ့တဲ့ Oasix ရဲ့ ပုံရိပ်တွေနဲ့ ရေးသားထားတဲ့ စာသားတွေကိုလည်း ပရိသတ် တွေအတွက်ပြန်လည်မျှဝေ ပေးလိုက်ပါတယ် ။

Credit…..