


Credit…..

ပရိတ်သတ်ကြီးရေ အလှမယ်ဟန်လေးကတော့ “Miss Universe Myanmar 2020” ရဲ့ “1st Runner Up” ဆုရှင်ဖြစ်သလို “Miss Grand Myanmar 2020 ” ရဲ့သရဖူပိုင်ရှင်လည်း ဖြစ်ပါတယ် ။ အခုဆိုရင် ဟန်လေးက မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တစ်ဦးအဖြစ် ပြည်ပမှာ သွားရောက် ယှဉ်ပြိုင်နေ ရတာ ဖြစ်ပါတယ် ။ “Miss Grand International ” ပြိုင်ပွဲကြီး မှာ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်နေတဲ့ ဟန်လေးက အခု လ ည်း ယကိုယ့်နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်ကျေပွန်ခဲ့ တာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ရက်က “Miss Grand International” ရဲ့ Live Chat မှာ အလှမယ်ဟန်လေးက မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ လက်ရှိအ ခြေ အနေတွေကို တင်ပြခဲ့တာ ဖြစ်ပါတယ် ။ ဟန်လေးက ကျဆုံးသွားတဲ့ပြည်သူတွေရဲ့အကြောင်းကို ပြောပြနေရင်းနဲ့ စိတ်မကောင်းဖြစ်ပြီး မျက်ရည်ပါကျခဲ့ရတာ လည်း ဖြစ်ပါတယ် ။ မြန်မာ ဝတ်စုံကို အမြတ်တနိုးဝတ်ဆင်ပြီး တာဝန်ကျေခဲ့တဲ့ ဟန်လေးကတော့ သူမရဲ့အသံက တစ် ဆင့် ကိုယ့်နိုင်ငံအကြောင်းကိုကမ္ဘာကပါစိတ်ဝင်စားလာအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ဟန်လေးက Live Chat အပြီးမှာ တစ်ခြားနိုင်ငံက Miss တွေက သူမကိုမြန်မာနိုင်ငံအကြောင်း စိတ်ဝင်တစားလာမေးခဲ့ ကြော င်းနဲ့ သူမဆီကိုဖုန်းတွေဆက်လာကြကြောင်း ပြောပြထ ားတာ ဖြစ်ပါတယ် ။

ဟန်လေးကတော့ “ကျွန်မရဲ့သေးငယ်တဲ့ Voice တစ်ခုက နေတစ်ဆင့် ကျွန်မတို့နိုင်ငံက ပြည်သူတွေ အတွက် ကြီးမားတဲ့ Effective attention တခု ကျွန်မပေးနိုင်ခဲ့ပြီ.. ကျွန်မကို Supportingအပြည့် ဝ ပေးနေကြတဲ့ ကျွန်မ ရဲ့ Fansတွေအတွက် ကျွန်မတာဝန်ကျေနိုင်ခဲ့ပြီ..မြန်မာပြည်ကြီးအတွက် တစ်ထောင့် တစ်နေရာကနေ ကျွန်မတတ်နို င်တဲ့ဘက်က Speak Outလုပ်နိုင်ခဲ့ပြီ 🙏 အားလုံးကိုကျေးဇူးတင်ပါတယ် ဟန်လေးပိုကြိုးစားခဲ့ပါ့မယ် ❤️” ဆို ပြီး သူမရဲ့လူမှုကွန်ယက်စာ မျ က် နှာထက်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ် ။ ကဲ မြန်မာနိုင်ငံအတွက် ခွန်အားရှိသလောက် ကြိုးစားပေးခဲ့ တဲ့ အလှမယ်ဟန်လေးရဲ့ပုံ ရိပ်တွေ ကို ပြန်လည်မျှဝေပေး လိုက်ရပါတယ်။

Source & Photo Credit-Han Lay’s FB Acc
Credit…..