သရုပ်ဆောင် ဒေါင်းကတော့ လက်ရှိမှာ သူကိုယ်တိုင် မြန်မာနိုင်ငံမှာရှိမနေခဲ့ပေမယ့် မြန်မာ့ပြည်တွင်းအရေးတွေကို မျက်ခြေမပျက်စောင့်ကြည့်ရင်း တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လှုပ်ရှားနေသူတစ်ယောက်ဖြစ်ပါတယ်။ ငြိမ်းချမ်းလွတ်လပ်တဲ့ အစစ်အမှန် ဒီမိုကရေစီကို ရရှိဖို့ အကြမ်းမဖက်တဲ့ ဆန္ဒပြမှုတွေကို ပြုလုပ်ဖို့ တိုက်တွန်းနေတဲ့ ဒေါင်းက ဒီကနေ့မှာလည်း မျိုးဆက်သစ်လူငယ်တွေကို တောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။

ဒေါင်းက “ကျွန်တော် တို့ပြည်သူတွေ ကို သတိတစ်ခုပေးပါရစေ ခင်ဗျာ။ ကျွန်တော်တို့ အခုအခြေအနေဟာ ကျွန်တော်တို့ အရင်ရက်တွေထက်ပို၍လေးလေးနက်နက် ဆန္ဒပြကြရတော့မယ် ။ကျွန်တော်တို့ရဲ့ဦးတည်ချက်ဟာ ဒီမိုကရေစီအရေးအတွက် အာဏာရူးပြိုင်ဘက်(ယုတ်မာကောက်ကျစ်သူများ)ကို စနစ်တကျ တွန်းလှန်အဆုံးသတ်ကြရမှာပါ။ ကျွန်တော်တို့ရဲ့ကြွေးကြော်သံတွေဟာ ထိရောက်ကြရတော့မယ် ။အပျော်သဘောဆောင်တဲ့ လုပ်ရပ်တွေကို အချင်းချင်း တားကြရတော့မယ် ။ကျွန်တော်တို့ဖန်တီးမူတွေနဲ့ အကြမ်းမဖက်ဆန္ဒပြကြတာ ကောင်းပါတယ် ။ဒါပေမယ့် CDMဝန်ထမ်းတွေအတွက် ၊ညတိုင်းပြုမူနေတဲ့ယုတ်မာကောက်ကျစ်တဲ့လုပ်ရပ်တွေအတွက် ကျွန်တော်တို့ နိုင်ငံတကာကို အသိပေးဖို့ လေးနက်တဲ့ အကြမ်းမဖက်တဲ့ ဆန္ဒပြမူတွေကို ဦးစားပေးဖန်တီးပေးကြဖို့ လူငယ်တွေကို တောင်းဆိုချင်ပါတယ် ။”

“လုပ်နိုင်မယ်ဆိုတာလဲယုံကြည်ပါတယ် လမ်းပေါ်မှာ အပျော်အပျက်လုပ်နေတဲ့ အခြေအနေတွေဖြစ်လာရင် အချင်းချင်း သတိပေးပြီး ကျွန်တော်တို့ရဲ့ နိုင်ငံရေးအခြေအနေမှန်ကို အသိပေးရပါမယ် (ဥပမာ လမ်းပေါ်မှာ စပီကာတွေနဲ့ ဆန္ဒပြသီချင်းတွေမဟုတ်ပဲ အပျော်သီချင်းတွေဖွင့်ပြီး ကနေတာမျိုးတွေ စသဖြင့် ဦးတည်ချက်လွဲစေမယ့် လုပ်ရပ်တွေ ၊ဒီမိုကရေစီ ရရှိရေး ကြွေးကြော်သံတွေကို ဖုံးစေမယ့်လုပ်ရပ်တွေ) ကျွန်တော်တို့ ရပ်တည်ချက် ဦးတည်ချက် လုပ်ရပ် အားလုံးကို အရင်ကထပ်ပိုပြီး အလေးနက်ထားကြရဖို့လိုအပ်ပါပြီ။ အောင်ကိုအောင်ရမည် ၊နိုင်ကိုနိုင်ရမည် ၊ငြိမ်းချမ်းလွတ်လပ်တဲ့ အစစ်အမှန် ဒီမိုကရေစီ ရကိုရရမည်။” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ဒေါင်းကတော့ ပြည်သူထဲက ပြည်သူတစ်ယောက်ပီပီ စစ်မှတ်တဲ့ ဒီမိုကရေစီကို ရရှိဖို့ ရှေ့ဆုံးကနေ အားတက်သရော ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒေါင်းရဲ့ လေးနက်တဲ့ စေတနာစကားကို နားလည်ကြမယ်ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: DAUNG – ဒေါင်း ‘s fb
Credit – Cele Connections

Leave a Comment

Your email address will not be published. Required fields are marked *