ပရိတ်သတ်ကြီရေ…..ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသားချော ညီထွဋ်ခေါင်ကတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးရင်း ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိပိုင်ဆိုင်ထားတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ညီထွဋ်ခေါင်ဟာဆိုရင် ကျရာဇာတ်ရုပ်မှာပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့အတွက်ကြောင့် အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်စွာနဲ့လျှောက်လှမ်းလာခဲ့တာဆိုရင်ယနေ့ထိတိုင်ပါပဲနော်..။

မင်းသားချောညီထွဋ်ခေါင်က လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူ အမှန်တရားဘက်က တက်တက်ကြွကြွနဲ့ပါဝင်ခဲ့တဲ့သူတစ်ဦးပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ညီထွဋ်ခေါင်ဟာဆိုရင် ပုဒ်မ၅၀၅(က)နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်ခံထားရတဲ့အနုပညာရှင်ထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်.။အကြောင်းအမျိုးမျိုးကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ ညီထွဋ်ခေါင်က သူ့ကိုစိတ်ပူနေကြတဲ့ ပရိတ်သတ်ကြီးကို ဘေးကင်းစွာနဲ့ရှိနေကြောင်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေလည်း အသိပေးလာခဲ့ပါသေးတယ်နော်..။

ဒီကနေ့ဟာဆိုရင် မင်းသားချောညီထွဋ်ခေါင်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်နော်..။ညီထွဋ်ခေါင်ရဲ့မွေးနေ့လေးကို မမေ့မလျော့ပဲ မွေးနေ့ဆုမွန်ကောင်းတောင်းလာပေးတဲ့သူကတော့ ဇာတ်ပို့သရုပ်ဆောင်းမအေးသီတာပဲဖြစ်ပါတယ်.။မအေးသီတာကတော့ အနုပညာမောင်နှစ်မတွေရဲ့မွေးနေ့တွေကိုအမြဲသတိတရနဲ့ဆုတောင်းပေးနေတဲ့ ချစ်စရာကောင်းတဲ့ အမတစ်ယောက်ပဲဖြစ်ပါတယ်နော်..။ဒီကနေ့မှာဆိုရင်လည်း မအေးသီတာက ” မောင်လေးရေ Happy Birthday လို့ပဲပြောပါရစေနော်….🎂🎂🎂 သတိရတယ်အရမ်းချစ်ရတဲ့မောင်လေးငယ်..😍🥰😘” ဆိုပြီး ညီထွဋ်ခေါင်ရဲ့မွေးနေ့လေးကို သတိတရနဲ့ဆုတောင်းပေးလာခဲ့တာပဲဖြစ်ပါတယ်ပရိတ်သတ်ကြီးရေ။

အကြောင်းကြောင်းကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ ညီထွဋ်ခေါင်တစ်ယောက် အန္တရယ်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ပရိတ်သတ်ကြီးလည်း ညီထွဋ်ခေါာင်အတွက်မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးခဲ့ပါအုံးနော်.။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်…။

Credit ; Celebrity Platforms