


Credit ;Swelsone News

ဟာသလူရွှင်တော်ဒိန်းဒေါ င်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ပါဝင်သရုပ်ဆောင်လျက်ရှိနေတဲ့ ဇာတ်ကားတိုင်းမှာ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောစေခဲ့တဲ့ အနုပညာရှင်တစ်ယောက် ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ ဒိန်းဒေါင်ကတော့ ပရဟိတအလုပ်တွေကိုလည်း ကြိုးကြိုးစားစားနဲ့လုပ်ကိုင်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။

ယနေ့လေးကတော့ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောအောင်ပြုလုပ်လေ့ရှိပြီး ကိုယ်တိုင်လည်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ဟာသလူရွှင်တော်ဒိန်းဒေါင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဒိန်းဒေါင်ရဲ့ မွေးနေ့လေးမှာ ချစ်ခင်ရတဲ့ပရိသတ်တွေနဲ့ အနုပညာရှင်ညီအကိုမောင်နှမတွေက မွေးနေ့ဆုမွန်ကောင်းတွေကိုယ်စီတောင်းပေးထားကြပါတယ်။ ဒိန်းဒေါင်ကတော့ မွေးနေ့လေးမှာ မွေးမိခင်မေမေရဲ့ ထဘီလေးကို သေသေချာချာနဲ့ကိုယ်တိုင်လျှော်ပြီး ကုသိုလ်ယူနေခဲ့ ပါတယ်။

ဒိန်းဒေါင်ကတော့ “ယနေ့29.12.2020ကျွန်တော့်မွေးနေ့ပါခင်ဗျာမိဘကိုချစ်သော သားသမီးများအားလုံးဒီနေ့ကိုအမေ့ထမီလျှော်တဲ့နေ့အဖြစ်သတ်မှတ်ပေးကြပါခင်ဗျာ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် လူရွှင်တော်ဒိန်းဒေါင်ရဲ့ မွေးနေ့လေးမှာ မိခင်ရဲ့ထဘီကိုကိုယ်တိုင်လျှော်ပြီး ကုသိုလ်ယူနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကိုအောက်မှာကြည့်နိုင် ပါတယ်။

Credit ;Swelsone News