Credit ; (Cele ChitThu)
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသား တစ်လက်ဖြစ်တဲ့ အောင်မင်းခန့်နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်နော်။ အောင်မင်းခန့်ကတော့ Forever Groupကနေ စီစဉ်တင်ဆက်တဲ့ ဇာတ်လမ်းတွဲတွေကနေ ကျွမ်းကျင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အောင်မြင်လာတဲ့ မင်းသားတစ်လက်ပါပဲနော်။ သူရဲ့ တည်ကြည်ခန့်ညားလွန်းတဲ့ အမူအရာလေးတွေကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိ ထားတာပဲဖြစ်ပါတယ်။
အောင်မင်းခန့်ကတော့ လတ်တလောမှာ Double Dating အစီအစဉ်ကြောင့် ယွန်းယွန်းနဲ့အတူ ပရိသတ်တွေရဲ့ သဘောတူမှုတွေနဲ့ အားပေးမှုတွေကို အများဆုံးရရှိထားတာပါပဲနော်။ ဒီနေ့မှာတော့့ အောင်မင်းခန့်က”First TikTok”လို့ဆိုပြီး ယွန်းယွန်းနဲ့အတူ ပထမဆုံးTik Tokဆော့ထားတဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။
အောင်မင်းခန့်နဲ့ ယွန်းယွန်းတို့နှစ်ယောက်ရဲ့ လိုက်ဖက်မှုဗီဒီယိုဖိုင်လေးကို ကြည့်ပြီး ပရိသတ်တွေလည်း သဘောကျနှစ်သက်မယ်လို့ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Source….Aung Min Khant’s Facebook
Credit ; (Cele ChitThu)