ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် ထူးအယ်လင်းကတော့ လတ်တလောမှာ ရခိုင်စစ်ဘေးရှောင်တွေအတွက် လိုအပ်နေတဲ့ စားသောက်ကုန်တွေလှူဒါန်းတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ထူးအယ်လင်းကတော့ အမြဲတမ်းလိုလို လိုအပ်နေတဲ့နေရာတွေအတွက် လှူဒါန်းမှုတွေပြုလုပ်နေလေ့ရှိတဲ့ သူ တစ်ယောက်ပါ။

အခုတစ်ခေါက်မှာလည်း ထူးအယ်လင်းက ရခိုင်စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ စားသောက်ကုန်တွေဖြစ်တဲ့ ရခိုင်စစ်ဘေးရှောင်အတွက် အသင့်စားငန်ပြာရည်ကြော်ပုံး(အချိန်တစ်ဆယ်ပါ ပုံးတစ်ပုံးကို ၁၃၇၀၀၀ ကျပ်) အလုံးနှစ်ဆယ်( ၂၀ ပုံး)၊ကြက်သွန်ကြော်အိတ် ၂၆ လုံးတို့ကို ကျောက်တော်သို့လှူဒါန်းပို့ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ အခုလို လှူဒါန်းနိုင်ဖို့ မတည်လှူဒါန်းပေးတဲ့အလှူရှင်တွေကိုလည်း ကျေးဇူးတင် ရှိကြောင်းလည်း မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ထူးအယ်လင်းကတော့ အခုလို သူနဲ့ သူ့ရဲ့အလှူရှင်တွေ စုပေါင်းလှူဒါန်းတဲ့ အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်ဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့တာပါ။ ပရိသတ်ကြီးတွေလည်း ထူးအယ်လင်းနဲ့ သူ့ရဲ့အလှူရှင်တွေ လှူဒါန်းတဲ့ အလှူလေးကို သာဓုခေါ် ဆိုပေးခဲ့ကြ ပါဦးနော်။

Source – Htoo El Lin

Credit: CeleZone

ပရိသတ္ေတြရဲ့အခ်စ္ေတာ္ အဆိုေတာ္ ထူးအယ္လင္းကေတာ့ လတ္တေလာမွာ ရခိုင္စစ္ေဘးေရွာင္ေတြအတြက္ လိုအပ္ေနတဲ့ စားေသာက္ကုန္ေတြလႉဒါန္းတဲ့ အလႉေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ ထူးအယ္လင္းကေတာ့ အျမဲတမ္းလိုလို လိုအပ္ေနတဲ့ေနရာေတြအတြက္ လႉဒါန္းမႈေတြျပဳလုပ္ေနေလ့ရွိတဲ့ သူ တစ္ေယာက္ပါ။

အခုတစ္ေခါက္မွာလည္း ထူးအယ္လင္းက ရခိုင္စစ္ေဘးေရွာင္ ျပည္သူေတြအတြက္ လိုအပ္ေနတဲ့ စားေသာက္ကုန္ေတြျဖစ္တဲ့ ရခိုင္စစ္ေဘးေရွာင္အတြက္ အသင့္စားငန္ျပာရည္ေၾကာ္ပုံး(အခ်ိန္တစ္ဆယ္ပါ ပုံးတစ္ပုံးကို ၁၃၇၀၀၀ က်ပ္) အလုံးႏွစ္ဆယ္( ၂၀ ပုံး)၊ၾကက္သြန္ေၾကာ္အိတ္ ၂၆ လုံးတို႔ကို ေက်ာက္ေတာ္သို႔လႉဒါန္းပို႔ေဆာင္ေပးခဲ့တာပဲျဖစ္ပါတယ္။ အခုလို လႉဒါန္းနိုင္ဖို႔ မတည္လႉဒါန္းေပးတဲ့အလႉရွင္ေတြကိုလည္း ေက်းဇူးတင္ ရွိေၾကာင္းလည္း မၽွေဝေဖာ္ျပထားခဲ့ပါေသးတယ္။

ထူးအယ္လင္းကေတာ့ အခုလို သူနဲ႔ သူ႔ရဲ့အလႉရွင္ေတြ စုေပါင္းလႉဒါန္းတဲ့ အလႉေလးကို ပရိသတ္ေတြလည္း သာဓုေခၚဆိုနိုင္ဖို႔ သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန မၽွေဝေဖာ္ျပထားခဲ့တာပါ။ ပရိသတ္ႀကီးေတြလည္း ထူးအယ္လင္းနဲ႔ သူ႔ရဲ့အလႉရွင္ေတြ လႉဒါန္းတဲ့ အလႉေလးကို သာဓုေခၚ ဆိုေပးခဲ့ၾက ပါဦးေနာ္။

Source – Htoo El Lin

Credit: CeleZone